Tears and Smile(ep-13)

8.2K 749 29
                                    

Zawgyi version,

ဒီ​နေ့နဲ့ဆိုရင်​ သူဂျပန်​​ရောက်​​နေတာ နှစ်​ပတ်​ပြည့်​​လေပီ.....

မနက်​ဖြန်​ ခွဲစိတ်​ရန်​စီစဉ်​ထား​သော​ကြောင့်​ သူဒီတ​နေ့လုံး မာတဲ့အစာ​တွေမစားပဲ ဆန်​ပြုတ်​ကိုသာ ​သောက်​ရသည်​.....

ဂျပန်​ကို​ရောက်​​ရောက်​ချင်း Hyungရဲ့ စီနီယာက သူ့​ဆေးရုံကိုလာခိုင်း​သော​ကြောင့်​ အခုသူ ​ဆေးရုံတွင်​သာ.....

ဆေးရုံ​လေးက ရိုးရာ ဂျပန်​အပြင်​အဆင်​​လေး​တွေနဲ့ဖြစ်​​သော​ကြောင့်​ အခန်းထဲက ကြည့်​လျှင်​ အပြင်​က ချယ်​ရီပနိးပင်​​တွေကို ​တွေ့ရ​လေသည်​..........

ဆောင်းဦးဝင်​​နေပီဖြစ်​​သော​ကြောင့်​ နှင်း​လေး​တွေလည်း အနည်းငယ်​ကျ​နေခဲ့သည်​......

နေ၀င်​ဆည်းဆာ အချိန်​မို့လို့လား​တော့မသိ ပတ်​၀န်းကျင်​အ​ခြေ​အ​နေက လွမ်း​မောဖွယ်​​ကောင်းလှသည်​.......

*မင်း​ရော အဆင်​​ပြေရဲ့လားJung Kook........*

လို့သာ တကိုယ်​တည်း  ​လေသံ​ကြား​လောက်​သည့်​ ​လေသံဖြင့်​ တိုးငြင်းစွာ ​ပြောမိလိုက်​သည်​.......

ထိုချိန်​....

*Jimin*

*Hyung*

*အဆင်​​ပြေရဲ့လား အသက်​ရှုကြပ်​​သေးလား*

*ကျွန်​​တော်​အဆင်​​ပြေပါတယ်​Hyung.....*

*မာတဲ့အစာ​တွေ​ရှောင်​ပီး ​ရေများများ​သောက်​​ပေး​နော်​ Jimin*

*nae*

*​​စောနက​တောင်​ ဥက္ကဋ္ဌကြီးဖုန်းဆက်​တယ်​ Jimin အိပ်​​နေလို့ Hyung မနှိုး​တော့တာ*

*ရပါတယ်​Hyungရဲ့.....ဟို​လေ အကယ်​၍ မနက်​ဖြန်​ ကျွန်​​တော်​ တခုခု ဖြစ်​ခဲ့ရင်​​လေ ဒါ​လေးကို Jung Kookဆီ​ပေး ​ပေးပါလားHyung*

*ဟင့်​အင်း Jiminက ဘာမှမဖြစ်​ပဲ​နေပြန်​​ကောင်းလာမှာမို့လို့ Hyung မ​ပေးချင်​ဘူး အာ့​ကြောင့်​Jiminကိုယ်​တိုင်​​ပေးပါ*

*Hyung*

*မနက်​​မေ့​ဆေးလည်း စမ်းသပ်​ရမှာမို့လို့ ​စော​စောအိပ်​​တော့Jimin, Hyung မနက်​ခွဲစိတ်​ဖို့အတွက်​ စီနီယာနဲ့ စကားသွား​ပြောလိုက်​ဦးမယ်​* လို့​ပြောပီး သူ့ပုခုံးကို ဖွဖွ​လေး လက်​နဲ့ပုတ်​ပီး အခန်းထဲက ထွက်​သွား​လေသည်​......

Tears and Smile(ကြယ်ကလေးရဲ့မျက်ရည်)Where stories live. Discover now