Zawgyi version,
Jung Kook သူ့ကိုလှေကားမှာထားခဲ့တော့ သူခံစားချက်မဲ့စွာအော်ရယ်နေမိသည်.....
*ဟား....ဟား...ဟား....*
သို့သော် သူ့ပါးပြင်တခုလုံးကတော့ မျက်ရည်တွေနဲ့စိုရွှဲလျက်........
အိမ်ကို omma က အရင်ပြန်နှင့်သွားသောကြောင့် သူတယောက်ထဲသာ ပြန်လာခဲ့သည်........
အိမ်ပြန်တဲ့လမ်းတလျှောက်လုံးလည်း ခြေလှမ်းတွေက လေးပင်နေလျှက်......
"လမ်းခွဲရင်တောင် ငါ့ဘက်ကစပီးလမ်းခွဲမှာမို့လို့ မင်းပါးစပ်က လမ်းခွဲတဲ့စကားမပြောပါနဲ့Jung Kook ငါခံနိုင်ရည်မရှိဘူး"
.....................
အိမ်ပြန်ရောက်တော့ ommaကိုတောင် ၀င်မနှုတ်ဆက်ပဲ အပေါ်သို့တက်လာခဲ့သည်.........
သူ့အခန်းထဲဝင်ရန်လုပ်သော်လည်း ခြေလှမ်းများကတော့ Jimin အခန်းထဲကိုပင်..........
အခန်းတခုလုံးက သပ်ရပ်နေပီး ယောကျာ်းလေးတယောက်နေတဲ့ အခန်းနဲ့မတူအောင်ကို သန့်ရှင်းနေခဲ့သည်......
အခန်းကတော့ သူ့အခန်းလောက်မကျယ်ပေ.......
ထို့နောက်ပြန်ထွက်ရန်လုပ်နေတုန်း သူ့မျက်လုံးထဲဝင်လာသည့် စာရေးစားပွဲအပုလေးပေါ်က laptopပင်........
ဘာရယ်မဟူတ်ပါ ထိုlaptopကို ဖွင့်လိုက်မိသည်....passwordမခံထားသောကြောင့် အလွယ်တကူပင် သူလျှောက်ကြည့်နေသည်........
Screenပေါ်က မျှားလေးကို Gallery ထဲသို့ဝင်ရန် mouse ကို ကိုင်ပီးရွှေ့လိုက်တော့ သူအမှန်တကယ်ကိုပင် အံသြသွားခဲ့ရသည်..........
Gallery တခုလုံး Jung Kook Onlyဆိုသည့် Album လေးဖြင့် Jung Kookပုံများနှင့်သာပြည့်နေခဲ့..........
Jung Kookအလယ်တန်းကနေ အခု တက္ကသိုလ်ကျောင်းသားဘ၀ကပုံတွေအထိ သူ့မှာအကုန်ရှိသည်........
"မင်းလည်းJung Kookကိုချစ်ခဲ့တာပဲမလားJimin"
မဆီမဆိုင် သူ့ပါးပေါ်သို့မျက်ရည်တစက်ကျလာခဲ့သည်.....