Zawgyi version,
အမြဲလိုလို သူ့ဘက်မှာမရှိတဲ့ ကံကြမ္မာရယ်...
မတွေ့ဆုံသင့်တဲ့ လူသုံးယောက်ကို တွေ့ဆုံစေခဲ့ပါလား....
နောက်ဆုံး နာကျင်ရမဲ့သူက တယောက်ထဲရယ်....
ငါ့ရဲ့မျက်ရည်တွေနဲ့ ခင်းပေးမဲ့လမ်းလေးကိုလျှောက်ရင်း ချစ်ရသူမင်းတယောက်ပျော်ပါစေ.....❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
*ဒီည ခြောက်နာရီ flightနဲ့ Tae Hyungလေး ပြန်လာမှာDarlin*
*omm*
*အဲ့ဒါ သားလေးပျော်သွားအောင် မိသားစုညစာစားပွဲလေး လုပ်ရအောင်*
*ကောင်းပီလေ...Byolလေး ဒီနေ့ကျောင်းကစောစောပြန်လာခဲ့နော်....*
*nae appa*
အမြဲလိုလို ဟန်ဆောင်သောမေတ္တာတွေနဲ့ ပြည့်နေတဲ့ မနက်စာစားဝိုင်းလေးသည် ဒီနေ့တော့ သူမရဲ့အပြုံးတွေနဲ့ပြည့်နှက်လျက်....
ထိုအပြုံးက သူမရဲ့ရင်နှစ်သည်းချာ ချစ်ရတဲ့သား ပြန်လာသောကြောင့်ဖြစ်သည်.....
တဖန်ပြန်ရောက်လာခဲ့ပြန်သည်....သူ့ရဲ့အမှောင်နေ့ရက်တွေ.....
အားကျမိသည် Park Tae Hyungဆိုတဲ့ အဖေတူအမေကွဲ ညီအကို ကို.....
Ommaသာ အသက်ရှင်နေဦးမယ်ဆိုရင် ခုချိန်သူလည်း Tae Hyungကိုအားကျစရာလိုမှာမဟုတ်ပေ....
မနက်စာစားအပြီး ကျောင်းသွားရန်ပြင်နေတုန်း လက်ကောက်ဝတ်ကို အကြမ်းပတမ်းဆောင့်ဆွဲကာ ထမင်းစားခန်းထဲခေါ်သွားသော omonyi.....
*o..omonyi*
*ညနေမိသားစုညစာစားကို မလာနဲ့*
*ဟင်...ဘာ..ဘာဖြစ်လို့လဲ*
*မသိလို့မေးနေတာလား....တကယ့်မိသားစုဆိုတာ ငါရယ်Darlinရယ်Tae Hyungရယ်ပဲ...မင်းက အမေမရှိတော့တဲ့ ဒီအိမ်က အပိုလူတယောက်ပဲ...ညစာစားပွဲမှာမင်းပို ကြိုဆိုမဲ့သူမရှိလို့ မင်းအသိစိတ်ဓာတ်နဲ့ Darlinကို မလာနိုင်ဘူးလို့ပြန်ပြောလိုက်*