Zawgyi version,
မနေ့ကပဲ ဥက္ကဋ္ဌကြီး က ဂျပန်ကိုရောက်လာပီး ကလေးကိုKoreaကို ပြန်ရွေ့ဖို့လုပ်ခဲ့ပေမဲ့ သူတားခဲ့သည်.....
အခုထိသတိပြန်မရသေးသောကြောင့် နောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာသူလဲကြိုမသိနိုင်ပေ......
ဆရာဝန်နဲ့အနီးဆုံးမှာထားတာ စိတ်အချရဆုံးလို့ယူဆသောကြောင့် ဥက္ကဋ္ဌကြီးကို ပြန်လွှတ်လိုက်ခဲ့ရသည်.......
တကယ်တော့ သူလည်း ဒီတနှစ်အတွင်း ကလေးဘေးနားမှာနေနေရသောကြောင့် အလုပ်တွေအများကြီးဆုံးရှုံးခဲ့ရသည်....
သို့သော် သူ့အတွက်ကလေးကသာ အရေးကြီးဆုံးပင်....
................
သူအခန်းထဲဝင်လာတော့ အခုထိ ကုတင်ပေါ်မှာ အရုပ်လေးတခုလို အိပ်နေသော ကလေးကို သတိမြန်မြန်ရစေချင်မိသည်....
*Hyung လာပီJiminရေ....ဒီနေ့လည်း သိတဲ့အတိုင်းပဲ ဂျပန်နိုင်ငံက အေးနေတုန်းပဲ....Jiminက အိပ်နေတော့ ဂျပန်နိုင်ငံရဲ့ first snowကို မကြည့်လိုက်ရတာ နှမြောဖို့ကောင်းလိုက်တာ* လို့် ကုတင်ပေါ်က အရုပ်လေး ကြားလိုငြား ဆိုပီး တယောက်ထဲပြောကာ သူ့ကိုယ်ပေါ်က long coat ကိုချွတ်ပီး ဆိုဖာပေါ်မှာတင်ထားလိုက်သည်.....
ထို့နောက် ကလေးရဲ့လက်သည်းလေးတွေရှည်လို့ လက်သည်းညှပ်ပေးနေခဲ့သည်......
သို့သော် ကံကြမ္မာက သူတို့ကိုသနားလို့ သူမျှော်လင့်တဲ့ အရာကို ပေးသနားခဲ့ပါသည်.....
လက်သည်းလေးတွေညှပ်ပေးနေတုန်း ကလေးရဲ့ လက်ညိုးလေးက လှုပ်ရှားလာခဲ့သည်.....
*Ji...Jimin*
အခန်းထဲက အရေးပေါ် ဆရာဝန်နဲ့ဆက်သွယ်ရန် ထားပေးထားသော ဖုန်းလေးကို အမြန်ဆက်ခဲ့သည်......
*ဒီ...ဒီမှာ လူနာ သတိပြန်ရလာလို့* ဆိုပီး တခွန်းပဲပြောကာ ဖုန်းကိုအမြန်ချပီး ကလေးအနားကိုပြန်သွားခဲ့သည်.....