Zawgyi version,
♡ တကယ်တော့ ငါတို့သုံးယောက်က
မဆုံတွေ့သင့်တဲ့သူတွေပါ♡♡ အချစ်တခုကို လူသုံးယောက်က
တပြိုင်နက်ထဲ ရှာတွေ့ခဲ့ရင်တောင်
တယောက်ကတော့ အလျော့ပေးပီး
ထွက်သွားပေးရမှာထုံးစံပင်.......
အလျော့ပေးရမဲ့သူက
ကြယ်လေးမဖြစ်ပါစေနဲ့ကံကြမ္မာရယ်.....♡♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨
ဒီနေ့ Tae Hyung ကကျောင်းစတက်မှာဖြစ်သောကြောင့် သူနဲ့အတူ ကျောင်းသို့လာခဲ့သည်.......
အရင်နေ့တွေလို လမ်းမလျှောက်ရပဲ ကားနဲ့လာသောကြောင့် ကျောင်းကိုမြန်မြန်ရောက်လာခဲ့သည်.......
*Jimin*
*ဟင် ဘာလဲ*
*ကျောင်းရောက်ရင် ငါ့ဘေးနားမှာထိုင်မှာမလား*
*ငါက အတူထိုင်နေတဲ့သူရှိတယ် Tae Hyung*
*aww.....ငါကမင်းနဲ့အတူ ထိုင်ချင်လို့*
*အတန်းတူတာပဲလေ အတူမထိုင်ရပေမဲ့ စကားတော့ပြောလို့ရမှာပါ ပီးတော့ငါ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်*
*omm* ဆိုပီး သူ့ကိုရယ်ပြလေသည်......
ဒါမဲ့ Tae Hyungကိုသူမုန်းမိသည်....သူ့ရဲ့ပျော်ရွှင်မှုတွေက Tae Hyungတို့ သားအမိရောက်လာလို့ ပျောက်ဆုံးသွားခဲ့သောကြောင့်ဖြစ်သည်.......
သို့သော် သွေးကပဲစကားပြောလို့လားတော့မသိ Tae Hyungကို သူ့ရဲ့ ညီအကိုလို သဘောထားလို့တော့ရခဲ့သည်......
"မင်းက ဒီတိုင်းရောက်လာတဲ့သူပဲ အပြစ်ဆိုလို့မှမရတာ"
ထို့နောက် အတွေးတွေကို ပြောင်းပီး Tae Hyungနဲ့Jung Kookကို ကျောင်းရောက်ရင် မိတ်ဆက်ပေးရန်သာ တွေးနေခဲ့သည်......
♥ သူရဲ့မိတ်ဆက်ပေးမှုက သူ့အတွက်ဆုံးရှုံးမှုကြီးတခု ဖြစ်မယ်ဆိုတာ ဤကလေးငယ် မသိလေရော့လား ဘုရားသခင်........♥