Chapter 13 🔞

2.8K 253 16
                                    

Zawgyi

ညသန်းခေါင်ယံအချိန်….

ဖေးယွီသည် မျက်လုံးများပွင့်လာလေသည်။

ကျောက်ဂူတစ်ခုထဲတွင် သူရောက်နေသည်။ ဖိုထားသည့် မီးက ငြိမ်းကာနီးနေပြီဖြစ်သည့်တိုင် ပတ်ဝန်းကျင်တစ်ခုလုံး ကိုတော့ထင်ထင်ရှားရှားမြင်နေနိုင်သေးသည်။

"ဟင်…."

မလှမ်းမကမ်းတွင် ဂူနံရံကိုမှီကာ ဓားရှည်ကိုပိုက်ပြီး အိပ်ပျော်နေသူ….

"ကိုကို…"

ကိုကိုက ဘာလို့သူ့အနားရောက်နေရတာလဲ…။ ဒါက အိပ်မက်လား…။

ဟုတ်တယ် …။ ဒါက အိပ်မက်ပဲဖြစ်မှာပါ။ သူ ကိုကို့ကို ပြန်ရှာတွေ့တယ်လို့ ခဏခဏအိပ်မက်မက်တာပဲ။ ဒါပေမယ့် ဒီတစ်ခါ အိပ်မက်လေးကထူးခြားလွန်းသည်။

ကြည့်ပါဦး…။ ကိုကိုက ခါတိုင်းနဲ့မတူစွာ အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီး ဓားတစ်လက်ကိုလည်း ကိုင်ထားသေးသည်။

သူ့ခေါင်းက မူးဝေနေသေးသည်။ သူက ဒယိမ်းဒယိုင်ဖြင့် ကိုကို့အနားသို့ လျှောက်သွားကာ အိပ်ပျော်နေသည့် မျက်နှာလေးကို သေချာကြည့်လိုက်သည်။

ဓားသွားပုံသဏ္ဍန်မျက်ခုံးတန်းတန်းတွေ… ၊ မှိတ်ထားသည့်မျက်ဝန်းများထက်က မျက်တောင်ရှည်ရှည်လေးတွေ ၊ ဖြောင့်စင်းနေသည့်နှာတဲ့ ၊ လှပနူးညံ့သည့် နှုတ်ခမ်းပါးပါးလေး…။

မမှားဘူး…။ ဒါ ယွင်ရှီးပဲ… သူ့ရဲ့ကိုကိုပဲ…။

ဖေးယွီသည် ချက်ချင်းပင် ယွင်ရှီး၏ကိုယ်လေးကို ဆွဲပွေ့လိုက်ကာ နှုတ်ခမ်းများကို နမ်းလိုက်လေတော့သည်။

အား…. ကိုကို့ရဲ့နှုတ်ခမ်းလေးတွေက နူးညံ့အိစက်နေတာပဲ…။ နမ်းရင်း ရပ်တန့်လို့ မရတော့။ ပို၍ ပို၍ တစ်ရှိုက်မက်မက်ဖြင့် ထိုနှုတ်ခမ်းသားများကို နမ်းရှိုက်မိတော့သည်။

ပိုင်ယွင်မှာ အနမ်းကြမ်းကြမ်းများကြောင့် အိပ်ပျော်နေရာမှ နိုးသွားရလေသည်။

ထိုအခါ… သူ၏နှုတ်ခမ်းများကို အကြမ်းပတမ်း စုပ်ယူစားသုံးနေသည့် ချန်ဘုရင်….။

Beloved Xiao Yun (FYX Fanfic) (Completed)Where stories live. Discover now