Chapter 23

2K 222 12
                                    

Zawgyi

နံနက်….

နေရောင်ခြည်က ကျောက်ဂူအတွင်းသို့ ၀င်လာကာ ဖေးယွီမျက်နှာပေါ်ဖြာကျလာတော့ ဖေးယွီ အိပ်ပျော်နေရာမှနိုးလာ လေသည်။

ပိုင်ယွင် ရှိရာနေရာကို ကြည့်လိုက်တော့ပိုင်ယွင်ကို မတွေ့ရတော့…။

ပထမတော့ ဒီအတိုင်း ဟိုနားဒီနားသွားသည်အထင်နှင့် စောင့်နေခဲ့ပေမယ့် ပိုင်ယွင်ဟာ သူ့ဆီ ပြန်မလာခဲ့တော့ပါ။

သူ ကျောက်ဂူထဲက အပြေးထွက်သွားကာ အရူးတစ်ယောက်လိုပဲ ပိုင်ယွင်ရဲ့ နာမည်ကို အော်ခေါ်မိသည်။

"ငါကိုယ်တော်ထားတဲ့ အတိုင်းမနေနိုင်ရင် မင်း ထွက်သွားတော့………"

ညက သူပြောခဲ့တဲ့ စကားတွေဟာ သူ့နားထဲမှာ ပဲ့တင်သံထပ်လို့နေသည်။

ပိုင်ယွင် တကယ်ပဲ ထွက်သွားခဲ့ပြီလား…။

ပိုင်ယွင်ဟာ သူ့အနားက ဘယ်တော့မှ ထွက်မသွားဘူးလို့ သူယုံကြည်ထားခဲ့တာ…။ လောကတစ်ခုလုံးမှာ သူ့အနား ဘယ်သူမှ မရှိတော့ဘူးဆိုရင်တောင် ပိုင်ယွင်တစ်ယောက်တော့ ရှိနေမယ်လို့ ယုံကြည်ခဲ့တာ…။

ပိုင်ယွင်… ငါ့ကို ထားသွားရက်တယ်…။

ဖေးယွီသည် ကျောက်ဂူရှေ့တွင် တစ်ယောက်တည်း အတန်ကြာအောင် ငုတ်တုတ်ထိုင်နေလေသည်။

မျက်ဝန်းဆီမှ မျက်ရည်စက်တို့က ထိန်းမရအောင် ကျဆင်းနေသည်။ ပိုင်ယွင် သူ့အနားမှာမရှိတော့တာဟာ သူ့ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသလိုပါပဲ။

ဘ၀မှ ဘယ်လိုအကြောင်းအရာတွေပဲ ရှိလာ ရှိလာ ဒီလူသားရဲ့လက်ကိုဆွဲပြီး ရင်ဆိုင်မယ်လို့ မျှော်လင့်ခဲ့မိတာ…။ အခုတော့ အနာဂတ်တစ်ခုလုံးကေ၀၀ါးသွားသလို ခံစားနေရပြီ…။

စစ်မြေပြင်မှာ သူပစ်ထားခဲ့သည့် လော့ယွင်ရှီးဟာ သူချစ်ရတဲ့ ရှောင်ယွင်ကောကောလို့ သိလိုက်ရတဲ့အခါ....

သူခံစားခဲ့ရသည့် နာကျင်မှုတွေနဲ့ နောင်တတရားတွေဟာ အခု.... ပိုင်ယွင်ထွက်သွားလို့ ခံစားရတဲ့ နာကျင်မှုတွေ... နောင်တတွေနဲ့ ထပ်တူ ထပ်မျှပါပဲ...။

Beloved Xiao Yun (FYX Fanfic) (Completed)Where stories live. Discover now