Chapter 12

2.2K 258 9
                                    

Zawgyi

ဖူကျင်းကျင်းနှင့် မယ်တော်ကြီးလင်းသည် ပန်းဥယျာဉ်လေးထဲတွင် ရှိနေလေသည်။

မယ်တော်ကြီးလင်းသည် အစ်မဖြစ်သူဖူကျင်းကျင်းနှင့်အတူရှိချိန်တွင် ဖူကျင်းကျင်းပြောပြသည့် ယွင်ရှီး၏ငယ်ဘ၀ အကြောင်းများကိုနားထောင်ရင်း သားဖြစ်သူကိုလွမ်းနေတတ်သော်လည်း ဖေးယွီရှေ့တွင်တော့ ယွင်ရှီးအကြောင်းကို သိပ်ပြောလေ့မရှိပေ။

ဖေးယွီခံစားနေရသည့် နောင်တတရားသည် ဖေးယွီ၏နှလုံးသားကို အစိမ်းလိုက်ခွဲနေသကဲ့သို့ ခံစားနေရသည်များကို မြင်တွေ့နေရသည့်အတွက် သူမသည် သားတော်ဖြစ်သူကို ထပ်မံနာကျင်ခံစားစေလိုခြင်း မရှိတော့ပြီ။

သူချစ်ခင်မြတ်နိုးရပါသော သူ၏ရှောင်ယွင်ကောကောကို သူကိုယ်တိုင်ကိုယ်ထိလက်ရောက် အနိုင်ကျင့်နှိပ်စက်ခဲ့မှုများ အတွက် ဖေးယွီသည် နေ့စဉ်နေ့တိုင်း အပြစ်သားတစ်ယောက်လို နောင်တများနှင့် ရှင်သန်နေခဲ့လေသည်။

သားတော်ဖြစ်သူကိုကြည့်ရင်း သူမပင်လျှင် ၀မ်းနည်းစိတ်မကောင်းဖြစ်ကာ စိတ်ပင်ပန်းရလေသည်။
အချိန် (၁)နှစ်အတွင်းတွင် ဖေးယွီသည် တိုင်းပြည်တစ်ခုလုံးအနှံ့ ယွင်ရှီးကို လိုက်ရှာခဲ့လေသည်။ သို့သော် ယွင်ရှီး၏ သတင်းသည် အစအနပင် မရတော့ဘဲ ပျောက်ခြင်းမလှပျောက်သွားလေသည်။

ထိုအချိန်မှာပင်….

ဥယျာဉ်အတွင်းသို့ ခရမ်းရင့်ရောင်နှင့် အ၀ါရောင်ကိုဝတ်ဆင်ကာ ဦးခေါင်းထက်တွင် ရွှေရောင်ဦးရစ်တန်ဆာကို ဆင်မြန်းထားသည့် ဖေးယွီ ၀င်ရောက်လာလေသည်။

အသက် (၁၉)နှစ်သာရှိသေးသည့် ဘုရင်ငယ်သည် မြင်မြင်သမျှ မိန်းကလေးတိုင်းကို ဆွဲဆောင်နိုင်သည့် ချောမောခန့်ညားမှုများကို ပိုင်ဆိုင်ထားလေသည်။
သို့သော်… ဘုရင်ငယ်သည် မည်သည့်မိန်းမပျိုကိုမှ စိတ်မ၀င်စားခဲ့ပေ။

(၁)နှစ်ဆိုသော အချိန်အတွင်းတွင် သွေးသားဆန္ဒဖြေဖျောက်ရန်အတွက်ပင် မည်သည့် မိန်းမပျို ၊ ယောက်ျားပျိုများဖြင့်မှ စပ်ယှက်ခြင်းကို မပြုလုပ်ဘဲနေခဲ့သူဖြစ်လေသည်။

Beloved Xiao Yun (FYX Fanfic) (Completed)Where stories live. Discover now