Chapter 22

1.9K 214 20
                                    


ကျန်းလျန်နှင့်ထျန်းကျီ၏ မင်္ဂလာပွဲမှ အပြန်…

အစကတည်းက ဖေးယွီက မင်္ဂလာပွဲသွားဖို့ စိတ်မပါတာကြောင့် မြန်မြန်သွားပြီး မြန်မြန်ပဲပြန်ဖို့ သူတို့ဆုံးဖြတ်ခဲ့ ကြတာ…။

ပြီးတော့ ဖေးယွီက ကိုယ်ရံတော်တွေအများကြီးနဲ့ ခရီးမထွက်ချင်ပဲ ပိုင်ယွင်နဲ့နှစ်ယောက်တည်းသွားချင်တယ်ဆိုတာ ကြောင့်သူတို့နှစ်ယောက်တည်းပဲ ခရီးထွက်ခဲ့ရလေသည်။

ကျန်လျန်နဲ့ထျန်းကျီက သူတို့ကို ရက်နည်းနည်းကြာအောင် ထပ်ပြီးနေစေချင်သေးပေမယ့် ….

ဖေးယွီက အဲဒီမိန်းကလေးနှစ်ယောက်ဟာ သူ့ကိုအမြဲတမ်းခေါင်းကိုက်အောင်လုပ်သည်ဟု ပြောဆိုရင်းစိတ်ပျက်နေ တာကြောင့် ပိုင်ယွင်လည်း ဖေးယွီစိတ်တိုင်းကျ ဖြစ်စေခဲ့ရလေသည်။

တောလမ်းလေးအတိုင်း မြင်းနှစ်စီးပြေးလွှားနေလေသည်။

မြင်းပေါ်တွင်တော့ ချောမောသည့် ယောက်ျားပျိုလေးနှစ်ယောက်…

မြင်းအဖြူကြီးပေါ်မှာတော့ ငွေရောင်ဝတ်ရုံကိုခမ်းနားစွာဝတ်ဆင်ထားသည့် ချန်မင်းကြီး ချန်ဖေးယွီ…

အုန်းခွံရောင်မြင်းကြီးပေါ်မှာတော့ အပြာနုရောင်ဝတ်စုံလေးကို လှပစွာ ၀တ်ဆင်ထားသည့် ပိုင်ယွင်..

ပိုင်ယွင်ဟာ အနက်ရောင်ဝတ်လေ့ရှိပေမယ့် မင်္ဂလာပွဲဖြစ်တာကြောင့် အပြာနုရောင်လေးဝတ်ဆင်လာရခြင်းဖြစ်လေသည်။

အဲဒါကြောင့် ဖေးယွီရဲ့မျက်ဝန်းထဲမှာ ပိုင်ယွင်ဟာ အရမ်းကို လှနေတော့သည်။ ပြီးတော့ဝတ်စုံလေးက အရမ်းပွပွ မဟုတ်ဘဲ ခပ်ကြပ်ကြပ်လေးဖြစ်တာကြောင့် သွယ်လျတဲ့ခန္ဓာကိုယ်အလှလေးကလည်း ပေါ်လွင်နေလေသည်။

ယခုတလောမှာ ဖေးယွီသည် ပိုင်ယွင်ကို မြင်ရသည့်တိုင် ယွင်ရှီးနှင့်တူသည်ဟု သိပ်မတွေးမိတော့သလို ယွင်ရှီးကို လည်းသိပ်ပြီး လွမ်းဆွတ်မနေမိတော့ပေ။

ပိုင်ယွင်သည် သူ့ဘ၀ကို အရင်ကလိုပဲ ပျော်ရွှင်လာအောင်…

နာကျင်စရာတွေဆီကနေ တဖြည်းဖြည်း ဆွဲခေါ်ကယ်တင်သွားသည့်နတ်သားလေးဖြစ်လေသည်။

Beloved Xiao Yun (FYX Fanfic) (Completed)Where stories live. Discover now