Zawgyi
ကျန်းလျန်နှင့် ထျန်းကျီမှာလည်း တာ့ချန်တွင် လည်လို့ပတ်လို့ ၀သွားသည့်အခါ သူတို့၏ တိုင်းပြည်များသို့ ပြန်သွားခဲ့ကြလေသည်။
အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးခဲ့ပြီး ပိုင်ယွင်တစ်ယောက် တာ့ချန်နန်းတွင်းသို့ရောက်သည်မှာပင် တစ်လခန့် ရှိခဲ့ပြီ။
ဥယျာဉ်ထဲတွင် ဖေးယွီ သိုင်းလေ့ကျင့်နေသည်ကို ပိုင်ယွင်က ထိုင်ကြည့်နေလေသည်။
မင်းကြီးက တကယ်သိုင်းပညာတော်တယ် ... ဒါပေမယ့် သူ့သိုင်းပညာက ဟာကွက်တွေရှိနေသေးတယ်...။
အတွေးများနှင့်အတူ ပိုင်ယွင်ဟာ မင်းကြီးရဲ့ သိုင်းကွက်တွေကို တစ်ခုချင်းလေ့လာနေမိလေသည်။
"ရှောင်ယွင်... မင်းသိုင်းပညာအရမ်းတော်တာ ငါကိုယ်တော် သိတယ် ၊ တစ်ခါလောက်သိုင်းပြိုင်ရအောင်..."
"မပြိုင်ဝံ့ပါဘူး မင်းကြီး... ကျွန်တော်က မင်းကြီးလောက် ဘယ်တော်မှာလဲ..."
ပိုင်ယွင်က လက်ဆော့ပြီး ခူးထားသည့် သစ်ရွက်လေးတစ်ရွက်ကို ပါးစပ်မှာ ကိုက်ထားရင်း ပျင်းရိပျင်းတွဲပုံစံလေးဖြင့် ပြန်ပြောလိုက်သည်။
ဒါပေမယ့် ဖေးယွီက ပိုင်ယွင်ရဲ့ စကားတွေကို အရေးမစိုက်ပါဘူး။
သူက အစောင့်ရဲမက်တစ်ယောက်ဆီက ဓားတစ်လက်တောင်းလိုက်ပြီး ပိုင်ယွင်ဆီ ဓားကို ပစ်ပေးလိုက်သည်။
"လုပ်စမ်းပါ...."
ပိုင်ယွင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ အဲဒီမင်းကြီးဟာ လုပ်ချင်ပြီဆိုရင် တားလို့မရဘူးပဲ...။
မတတ်သာသည့်အဆုံး ပိုင်ယွင်လည်း ချန်ဘုရင်နှင့် ဓားသိုင်းပြိုင်ရတော့သည်။
ဓားသိုင်းဆယ်ကွက်လောက်ပြိုင်ပြီးသည့်အခါတွင်တော့ ပိုင်ယွင်ရဲ့ဓားက ချန်ဘုရင်ရဲ့ လည်ပင်းထက်ကို ချိန်ရွယ်မိပြီး သားဖြစ်သွားသည်။
ပိုင်ယွင်မှာ အရမ်းထိတ်လန့်သွားပြီး ဓားကို ချက်ချင်း လွှတ်ချကာ ဒူးထောက်လိုက်လေသည်။
ဘုရင်တစ်ပါးရဲ့လည်ပင်းကို ဓားနှင့်ချိန်ရွယ်မိသည်ဆိုသည်မှာ သေဒဏ်ပဲမဟုတ်လား။ ဘယ်လိုပဲ ၊ ဘယ်လောက်ပဲ ရင်းနှီးသူဖြစ်ပါစေ ... ဒီလိုအပြုအမူမျိုးဆိုတာ ခွင့်လွှတ်နိုင်စရာမှ မရှိတာ။
![](https://img.wattpad.com/cover/232805560-288-k714864.jpg)
YOU ARE READING
Beloved Xiao Yun (FYX Fanfic) (Completed)
FanfictionZawgyi FeiYunxi fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့ ပထမဆုံးရေးထားတာပါ အားပေးကြပါနော် မီးနီတွေလည်းပါမှာမို့ ဆယ့်ရှစ်ယောက်ပြည့်အောင် စုပြီးမှ ဖတ်ပါနော် 😁😁😁 Unicode FeiYunxi fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့ ပထမဆုံးရေးထားတာပါ အားပေးကြပ...