Chapter 14

2.4K 244 12
                                    

Zawgyi

မြင်းတွေလည်း မရှိတော့သည့်အတွက် ဖေးယွီနှင့် ပိုင်ယွင် လမ်းလျှောက်ရင်းခရီးဆက်ခဲ့ကြသည်။

နေ့လည်ခင်းမှာပင် တောအုပ်လေးကို ဖြတ်ကျော်ကာ မြို့လေးတစ်မြို့ကိုရောက်ရှိလာကြလေသည်။

"ဒီမြို့မှာ ခဏနားရအောင်… ပြီးတော့ မြင်းရထားတစ်စီးဝယ်ဖို့ မင်းစီစဉ်လိုက်…"

ဖေးယွီက ရွှေတုံးတစ်တုံးထုတ်ပေးရင်း ပိုင်ယွင်ကိုပြောလိုက်သည်။

"အကောင်းဆုံးမြင်းရထားမျိုးရအောင် ရှာဝယ်ခဲ့… ငါကိုယ်တော် ဒီစားသောက်ဆိုင်ထဲမှာ မင်းကိုစောင့်နေမယ်…"

"ဒါပေမယ့်… မင်းကြီးတစ်ယောက်တည်း…."

"ငါကိုယ်တော်က ကလေးမဟုတ်ဘူး…"

"ကောင်းပါပြီ…"

ပိုင်ယွင်က အလှဆုံးနှင့် အကောင်းဆုံးပြုလုပ်ထားသည့် မြင်းရထားတစ်စီးကို ရအောင် ရှာဝယ်လာခဲ့လေသည်။

ပိုင်ယွင်ပြန်လာသည့်အချိန်တွင် ဖေးယွီသည် စားသောက်ဆိုင်ထဲမှ အစားအသောက်များကို တစ်စက်မျှပင် မထိဘဲ ငုတ်တုတ်ထိုင်နေလေသည်။

"မင်းကြီး… မြင်းရထားရပါပြီ.."

"အင်း…"

ဖေးယွီရဲ့လေသံက သိပ်ပြီးမသာမယာ…။

"မင်းကြီး… အစားအသောက်တွေ ဘာလို့မစားသေးတာလဲ…"

ဖေးယွီက စိတ်ပျက်လက်ပျက်ဖြင့် လက်ထဲတွင်ကိုင်ထားသည့် တူလေးကို စားပွဲပေါ်ပြန်ချထားလိုက်သည်။

"ငါကိုယ်တော်… ဒါတွေကို မစားတတ်ဘူး ၊ အရသာလည်း မရှိဘူး…"

"အော… ကျွန်တော် ချက်ပေးမယ် ၊ ခဏလေး… စားသောက်ဆိုင်ပိုင်ရှင်ကို အရင်ခွင့်တောင်းကြည့်လိုက်ဦးမယ်နော်…"

ပိုင်ယွင်က မြင်းရထားဝယ်ပြီးလို့ ပိုတဲ့ငွေစလေးများနဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို လာဘ်ထိုးကာ ကိုယ်တိုင်ချက်ပြုတ်ဖို့ မီးဖိုဆောင်အသုံးပြုနိုင်ရန် ပြောရသည်။

နာရီဝက်ခန့်ကြာတော့ စားသောက်ဖွယ်ရာများနှင့်အတူ ဖေးယွီအနားသို့ ပိုင်ယွင်ပြန်ရောက်လာလေသည်။

Beloved Xiao Yun (FYX Fanfic) (Completed)Where stories live. Discover now