"ဘတ်ဟျွန်း..မြန်မြန်လုပ်..ကျောင်းခေါင်းလောင်းထိုးနေပြီ.."
ကျောင်းထဲက မုန့်ဆိုင်ထဲမှာ မုန့်ဝယ်လို့မပြီးသေးတဲ့ ဘတ်ဟျွန်းကို ဆယ်ဟွန်း ဆော်သြောနေရသည်။
"အေးပါ..ခဏလေး..ရေခဲမုန့် ဝယ်ပြီးရင် ပြီးပြီ. "
ပြောမရမယ့်အတူတူ ဆယ်ဟျွန်း စောင့်ရုံသာရှိတော့သည်။
ခေါင်းလောင်းကထိုးနေတာတောင် ရေခဲမုန့်က ဝယ်နေသေးတယ်..
ဘယ်အချိန်စားမလို့လဲမသိ..
ပြီးရင် ခွက်နဲ့စားတာလည်း မဟုတ်..
ကန်တော့နဲ့မှ..
မနိုင်မနင်း ဖြစ်တော့မှ.ဆယ်ဟွန်းရေ ကူပါကယ်ပါ လုပ်လို့ကတော့ ဇာတ်ပိုးတွေချည်း ပိတ်အုပ်ပစ်မယ်..ဗြောင်ဝက်ပုတ်..!"ရပြီ ဆယ်ဟွန်း.."
ထုံးစံအတိုင်း..လုပ်လာပါပြီ..မုန့်က လက်နှစ်ဖက်အပြည့်.. ရေခဲမုန့်ကိုင်ထားတဲ့ လက်မှာတော့ မုန့်အိတ်ကို လျှိုပြီး ချိတ်ထားသည်။
တော်သေးတာပေါ့..အဖေလုပ်သူက Top ten ကုမ္ပဏီကြီးတွေထဲက ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်နေပေလို့..
အဖေကရှာနိုင်သလောက် သားကလည်း အမီလိုက်စားနိုင်သည်။လက်နှစ်ဖက်မုန့်ထုပ်က အပြည့်ကို တစ်ဖက်ကရေခဲမုန့်ကိုင်ထားတော့ ကျန်တစ်ဖက်နဲ့ မျက်မှန်က ပင့်တင်ရသေးသည်။
လူက ဝဝနဲ့ ချော်လဲလိုက်မှဖြင့် မသက်သာ.."ပေးပေး..မုန့်တစ်အိတ် ငါ့ကိုပေး..
ဒီပုံစံနဲ့ဆို ချော်လဲတော့မယ်..
လူကဝရတဲ့ ကြားထဲ ဆပ်ပြာကရောင်းသေး..
ပေး..ဒီကို..""ဟီး..မင်းကလည်း.. ငါက အဲ့လောက်လည်းမဟုတ်ပါဘူး..
သယ်ပေးချင်သပါ့ဆိုလည်း..ရော့""သြော်..ငါ့မျက်နှာလည်း ရေခဲမုန့်နဲ့ထိုးမိတော့မယ်..ဟိုဘက်လက်က အိတ်ကိုပေးလေ.."
"ဟီး..ဟုတ်သားပဲ..ရော့.."
နေ့တိုင်း ဒီလိုပဲမို့ ဆယ်ဟွန်းလည်း ထူးပြီးစိတ်မညစ်တော့ပါ..
တစ်ခါတစ်လေ သူ့သူငယ်ချင်း လူကသာ အထက်တန်းရောက်လာပြီး ဦးနှောက်ကရော ဆက်ဖွံ့ဖြိုးရဲ့လားတွေးမိသည်။
တစ်နှစ်တစ်တန်းအောင်လို့သာပဲ..လက်ခံရတာ..
မဟုတ်ရင်..အပြော အဆို အနေအထိုင် အားလုံးက မူလတန်းကလေးသာသာ..
YOU ARE READING
🍕ဘေဘီလုံးကစ်🍔🍕ေဘဘီလုံးကစ္🍔[Completed]
Fanfictionလုံးကစ်ရဲ့ကိုကို.. ကိုကိုရဲ့လုံးကစ်..