ကျောင်းဆင်းချိန်ရောက်လို့ သူငယ်ချင်းနှစ်ယောက် စက်ဘီးထုတ်တဲ့နေရာမှာ စက်ဘီးထုတ်နေကြသည်။
အေးအေးဆေးဆေးနဲ့ ဂဏာငြိမ်နေတဲ့.ဘတ်ဟျွန်းကို ဆယ်ဟွန်း မသက်ာသလို တကြည့်ကြည့်လုပ်နေသည်။"ရား..ငါ့ကို မေးစရာရှိရင်မေးလိုက်ပါလား..
ဘယ်လိုဖြစ်လို့ ကြည့်ပဲကြည့်နေတာလဲ သူများတွေမြင်ရင် မင်း ငါ့ကြိုက်နေတယ်ထင်နေဦးမယ်.."နှစ်ယောက်သား စကားပြောရင်း စက်ဘီးတွန်းလာကြသည်။
"မေးဆိုတော့လည်း မေးမယ်ကွာ..
ဘာကိစ္စ အဲ့လောက်ငြိမ်နေရတာလဲ..
မနက်ကလည်း အခွင့်အရေးရှိတဲ့ဟာကို..
ထပ်တွေ့ဖို့ အကြောင်းလေးဘာလေး ဖန်ခဲ့တာ မဟုတ်ဘူး..
ခုလည်း တစ်နေကုန်ငြိမ်နေတာပဲ..
မင်း အဲ့လိုပုံစံနဲ့ ရည်းစားက ရဦးမယ်..
စားဖို့ပဲ သိတယ်.."ဆိုပြီး ဆယ်ဟွန်းက ဘတ်ဟျွန်း နားထင်ကို တွန်းပစ်လိုက်သည်။
"ရား..!!
ငါ့ကို ဘယ်သူမှတ်လို့လဲ..
ဗြောင်ဘတ်ဟျွန်းကွ ဗြောင်ဘတ်ဟျွန်း..ဟွင့်
အခွင့်အရေးမဖန်ခဲ့ဘူးလို့ မင်းကို ဘယ်သူပြောလဲ..
အခွင့်အရေးက.........ဟိုးမှာ.."ကျောင်းဂိတ်ဝကို လက်ညိုးထိုးပြလိုက်သည်။
"ဝါး..ဗြောင်ဘတ်ဟျွန်း.."
ဘတ်ဟျွန်းဇာတ်ပိုးကို ဆယ်ဟွန်းက တစ်ချက်အုပ်လိုက်သည်။"ရား..ဘာကိစ္စ ငါ့ဇာတ်ပိုး လာအုပ်တာလဲ..!"
ဘတ်ဟျွန်းက လက်နဲ့ပြန်ရွယ်လိုက်တော့မှ..
"Sorr..sorry ပါကွာ..မင်းကို လုံးဝလေးစားသွားလို့ပါ..
ဟုတ်လှချည်လား ဘတ်ဟျွန်း..""အေး..ငါက ဟုတ်ပြီးပြီ..
မင်း ဟုတ်ဖို့ပဲ ကျန်တော့တယ်..""ဘာတုန်းကွ.."
"ခဏနေ အခြေအနေကြည့်ပြီး ရှောင်သွားပေး ကြားလား.."
ဂိတ်ဝက လက်လှမ်းပြနေတဲ့ ချန်းယောလ်ကို ဘတ်ဟျွန်း လက်လှမ်းပြရင်း.. ဆယ်ဟွန်းကို ပြောလိုက်သည်။
"Ok.ok."
တဖြည်းဖြည်း ချန်းယောလ်နား ရောက်လာကြသည်။
"Hyung.. ကျွန်တော်တို့ကို စောင့်နေတာလား
ဘာလို့လဲ?"ဆယ်ဟွန်းက မေးလိုက်ခြင်း..