Sweat🌸11

1.4K 137 5
                                    

📲📲📲

"အင်း..ကိုကို..ပြောလေ ဘာလို့လဲ"

"ဘာလို့ရမှာလဲ  ဘတ်လေးကို လွမ်းလို့ပေါ့.."

"အင်း.."

အင်း..အင်းတဲ့လား..
ဒီကကောင်က ခံစားချက်တွေအပြည့်နဲ့​​ပြောလိုက်ရတာကို..
သူကတော့ အင်းတဲ့လား..
Feel တောင် ပျောက်ချင်သလိုလို..
သို့သော်လည်း mood လေးသွင်းပြီး ထပ်ပြောကြည့်လိုက်တယ်..

"ဘတ်ရော ကိုကို့ကို မလွမ်းဘူးလား..ဟင်"

ချန်းယောလ်အသံလေးက တကယ့်ကိုနားထောင်ကောင်းပြီး ro ချင်စရာလေး..
သို့သော်..

"သေစမ်း..!!"

ဟင်..ဒါကဘယ်လိုဖြစ်.!
ချန်းယောလ်လည်း မထိန်းနိုင်တော့..မေးမှဖြစ်တော့မည်။

"ဘတ်..ကိုကို့ကို ဘယ်လိုပြောလိုက်တယ်?"

"သေစမ်း..သေစမ်း..ကွာလို့.."

ဟာ..ဒါတော့ များသွားပြီ..
ကိုယ့်မှာတော့ လွမ်းလွန်းလို့ ဖုန်းဆက်လိုက်ရတာကို..
ဒီလိုမျိုးကတော့ လွန်သွားပြီ..
ဘယ်လောက်ပဲချစ်ချစ်..ကိုယ့်ကို အလေးမထားတာတော့ သည်းမခံနိုင်ဘူး..
တွေ့ပြီ..ဘတ်..မင်းနဲ့ကိုယ်နဲ့..

"ဘတ်.."
ချန်းယောလ် အသံက ခပ်မာမာ..

"ဟင်..ကိုကို"

ဟော..ဒါကရော ဘာလဲ..
ပြောချင်တာပြောပြီးမှ လူကိုအရူးလုပ်တာလား..
ပတ်ချန်းယောလ်တဲ့..ဒါမျိုးတော့ မခံဘူး..

"ဘတ်..ကိုကို့ကို ဘယ်လိုတောင်ပြောရက်ရတာလဲ..ကိုကို့ကို ချစ်သေးရဲ့လား..
မဟုတ်ဘူး..မဟုတ်ဘူး...အစတည်းက ကိုကို့ကို မချစ်တာမလား.."

ကိုကို ဘာတွေပြောနေပါလိမ့်..
ဒီက အရင်စကြိုက်ခဲ့ရတာကို..
အသံကြီးကလည်း လည်ချောင်းထဲ သံချောင်းစိုက်နေသလို​..မာတောင်နေတာပဲ..

"ကိုကို..ကိုကို ဘာတွေပြောနေတာလဲ..."

"ဘာပြောရမှာလဲ..ဘတ် ကိုကို့ကို ခုနကဘာပြောလိုက်လဲ"

"ဘတ်..ဘာပြောလို့လဲ.."

ဒါ သက်သက် လူကို အကြောင်ရိုက်တာ..

""ဘတ်ပဲ..ခုနက..!"

"သေစမ်း..သေစမ်းကွ..ဟုတ်ပြီကွ.."

 🍕ဘေဘီလုံးကစ်🍔🍕ေဘဘီလုံးကစ္🍔[Completed]Место, где живут истории. Откройте их для себя