"appa တို့က သားတို့ အကြီးနှစ်ယောက်ချင်း
အငယ်နှစ်ယောက်ချင်းကို နေရာချထားပေးချင်တယ်..""ဗျာ..!!!"
"ဟုတ်တယ် သားတို့ရဲ့ မေမေတို့ငယ်ငယ်ကတည်းက ပြောထားခဲ့ကြတာ..
အခုလို အတွင်းသိ အဆင်းသိချင်း စီစဥ်လိုက်တော့ သားတို့ကို မတော်တရော်တွေနဲ့တွေ့မှာ စိတ်ပူစရာမလိုတော့ဘူးပေါ့.."Chen စကားဆုံးတော့ xiumin ကပါ ဝင်ထောက်သည်။
"ဒါပေမယ့် သားတို့က အခုမှပြန်တွေ့ရုံရှိသေးတယ်လေ .ဘယ်လိုလုပ်"
မထင်ထားဘဲ ရုတ်တရက်ဆန်လွန်းတာကြောင့် ဆူဟိုက လက်မခံနိုင်သေး..
နောက်ပြီး အဲ့တာကလည်း အစ်ကိုတစ်ယောက်လိုပဲ သဘောထားခဲ့တဲ့ lay hyung နဲ့..Lay ကတော့ ဘာမှဝင်မပြောပါ..
Tao ကပဲ..
"omma နားလည်ပါတယ်..
omma တို့ကလည်း အတင်းမစီစဥ်ပါဘူး
သားတို့ လူငယ်ချင်း အဆင်ပြေတဲ့ဆိုမှပါ..
သားနဲ့ lay hyung နဲ့ အတွက် စဥ်းစားဖို့ အချိန်လိုမှာပေါ့..
နောက်ကျမှ မေမေတို့ကို သားတို့ဆန္ဒအတိုင်းပြောကြ ဟုတ်ပြီလား..""ဟုတ်.."
Lay က အရင်ဖြေလိုက်သည်။"ဟုတ်ကဲ့..omma "
ဒီလို အခြေအနေမှာ ဆူဟို.. lay ကို ဘယ်နည်းနဲ့မှ မျက်နှာမကြည့်ရဲတာမို့ ခေါင်းကို အောက်သာငုံ့ထားမိသည်။အစ်ကိုတွေ ကိစ္စမှာမျောနေတဲ့ နှစ်ယောက်က သူတို့ ကိစ္စကိုပင် မေ့နေကြပုံ..
"ဒါပေမယ့် ငယ်လေးနဲ့ ယောလီလေးကိုတော့
မေမေတို့က စေ့စပ်ပေးထားချင်တယ်..
လက်ထပ်တာကိုတော့ နှစ်ယောက်စလုံး ကျောင်းပြီးမှပေါ့..
သားငယ်တို့နှစ်ယောက်က မေတ္တာမျှနေပြီးသားမို့ မေမေတို့စီစဥ်တာကို မငြင်းရဘူးနော်"Tao စကားကို ကြားပြီး အံ့သြသွားကြတာက
ကာယကံရှင်နှစ်ယောက်နဲ့ အစ်ကိုလုပ်သူတွေ
အဖေနှစ်ယောက်ကတော့.xiumin နဲ့ Tao ကပြန်ပြော၍ သိထားကြသည်။"omma.. မဟုတ်ဘူးလေ..သားနဲ့ hyung က ဒီအတိုင်း ခင်တာပါ..omma တို့ထင်သလို မဟုတ်ဘူးနော်.."
လူကြီးတွေက အထင်လွဲနေတာမို့..
ဘတ်ဟျွန်းမှာ အကြောက်အကန်ငြင်းမိသည်။
ချန်းယောလ်လည်း အံ့သြရပေမယ့်..
ငြင်းလည်း မငြင်းနိုင်..
နေ့လည်က Tao မြင်ခဲ့တဲ့ အခြေအနေအရဆို သေချာပေါက် ဒီလိုပဲထင်နေလိမ့်မည်။
ဒါကို ချန်းယောလ်ငြင်းလိုက်ရင် Tao အထင်လွဲသွားနိုင်တာမို့.ချန်းယောလ် ဘာမှမပြောနိုင်ပေ..
YOU ARE READING
🍕ဘေဘီလုံးကစ်🍔🍕ေဘဘီလုံးကစ္🍔[Completed]
Fanfictionလုံးကစ်ရဲ့ကိုကို.. ကိုကိုရဲ့လုံးကစ်..