ချန်းယောလ်နဲ့ ဘတ်ဟျွန်းရဲ့ ကျောင်းသွားချိန် နံနက်ခင်းလေးက ထုံစံအတိုင်း နှစ်ယောက်အတူတူ...
ရော်ရွက်ဝါ လေးတွေ အပင်ထက်မှ သက်ဆင်းကြွေကျနေတဲ့လမ်းသွယ်လေးထက်
စက်ဘီးကိုယ်စီစီးကာ ပြုံးပျော်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ အပြုံးတို့ ပနံသင့်နေပုံက
ကြည်နူးငေးမောဖွယ် အတိဖြစ်နေတဲ့ ပန်းချီကားလေး တစ်ချပ်လို~~စက်ဘီးလေး နှစ်စီးက ကျောင်းဝင်းထဲ ကွေ့ဝင်လိုက်ကြပြီး..
စက်ဘီးရပ်တဲ့ နေရာ၌ စက်ဘီးထားနေစဥ်.."အား...!!"
"မီဆွန်းနား...ရရဲ့လား..sorry ပါ..
နင်နောက်မှာ ရောက်နေတာ မမြင်လိုက်မိဘူး.."ဆိုကာ ချန်းယောလ်က ..သူ စက်ဘီးထားပြီးလို့ နောက်ဘက်ကို လှည့်စဥ်.. အနောက်မှာ ရောက်နေတာကို မမြင်ဘဲ တိုက်လိုက်မိလို့လဲကျသွားတဲ့ မီဆွန်းကို တွဲထူသည်။
"အာ့..အာ့ အရမ်းနာနေတယ်..ထလို့ မရဘူး ချန်းယောလ်.."
"အဲ့ဒါဆို..ခြေထောက်ကို အရမ်းမထောက်လိုက်နဲ့..ငါ့ကိုပဲ အားယူပြီးထ..
နင့်ခန္ဓာကိုယ်တော့ ငါနိုင်ပါတယ်.."နာတယ်ဆိုပြီး မူယာမာယာများနေတဲ့ မီဆွန်းနဲ့ သူ့ကို တွဲထူနေတဲ့ ချန်းယောလ်..
နှစ်ယောက်စလုံးရဲ့ ဖြစ်ပျက်နေပုံကို ကြည့်ရတာ ဘတ်ဟျွန်းအတွက် ဘယ်လိုမှ အဆင်မပြေလှ..
ဖြစ်နိုင်ရင် မီဆွန်းလက်မောင်းကို ထိန်းကိုင်ထားတဲ့ ချန်းယောလ်လက်ကို ဆွဲဖြုတ်ပြီး..
ချန်းယာလ် ရင်ခွင်ထဲ ဝင်လုမတတ်ဖြစ်နေတဲ့ မီဆွန်းဆိုသူကိုလည်း ဘတ်ဟျွန်း တွန်းထုတ်ပစ်လိုက်ချင်ပါသည်။"ကိုကို..ဘတ် သွားတော့မယ်နော်.."
"အင်း.. အဲ့တာဆို ကိုကို လိုက်မပို့တော့ဘူးနော်..နေ့ခင်း ထမင်းစားဆင်းမှ ကိုကို လာခဲ့မယ်"
ခေါင်းလေးငြိမ့်ပြရုံသာ ငြိမ့်ပြပြီး..လှည့်ထွက်သွားတဲ့ကောင်လေးရဲ့ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာလေးကို ချန်းယောလ် ဖတ်တတ်ပါသည်။
ဒါပေမယ့် တစ်ဖက်ကလည်း ကိုယ့်ကြောင့်ဖြစ်သွားတာမို့.. ထားပစ်ခဲ့လို့ မသင့်တော်တော့.. ကောင််ငယ်လေးရဲ့ ကျောပြင်ကို
လှမ်းကြည့်ရုံက လွဲလို့ ဘာမှမတတ်နိုင်ခဲ့...
BINABASA MO ANG
🍕ဘေဘီလုံးကစ်🍔🍕ေဘဘီလုံးကစ္🍔[Completed]
Fanfictionလုံးကစ်ရဲ့ကိုကို.. ကိုကိုရဲ့လုံးကစ်..