စာကြည့်တိုက်မှာ အိပ်ပျော်နေတယ်ဆိုတာကြောင့် စာသင်ခန်းရှေ့ရောက်မှ စာကြည့်တိုက်ဆီ ချက်ချင်းပြေးလာရသည်။
စာကြည့်တိုက် အပေါ်ထပ်မှာဆိုတာပါ ဖုန်းပြောတဲ့သူက တစ်ခါတည်း ပြောပေးတာကြောင့် အောက်ထပ်မှာမရှာတော့ဘဲ အပေါ်ထပ်ကိုပဲ တန်းတက်လာလိုက်သည်။
ဒါနဲ့..ဝက်ပုတ် ဖုန်းကို ကိုင်တဲ့သူက ဘယ်သူပါလိမ့်..?
အိပ်ပျော်နေတယ်ဆိုတော့ စာဖတ်ရင်း အိပ်ပျော်သွားတယ်တွေးမိပြီး စာကြည့်စားပွဲတွေမှာ လိုက်ရှာရသည်။
သူမတူတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဆိုတော့ကား..
ထွေထွေထူးထူး အားစိုက်ရှာစရာတော့မလို..ဒါပေမယ့်..စာကြည့်စားပွဲတွေမှာ ရှိမနေ..
အဲ့တော့..စာအုပ်စင်တန်းတွေဘက် လိုက်ရှာရသည်။
စာအုပ်စင်တွေရဲ့ အပြင်ဘက်လျှောက်လမ်းတွေကနေ ကြည့်ရင် စာအုပ်စင်တန်းတွေကြားနေအကုန်မြင်ရတာမို့ အပြင်ဘက်ကနေ လျှောက်ရင်းရှာလိုက်သည်။
လျှောက်လမ်းသာ ဆုံးသွားတယ်..
ဝက်ပုတ်နဲ့တူတာ တစ်ကောက်တစ်မြီးမှမတွေ့..ခန္ဓာကိုယ်က သေးသေးကွေးကွေးဆိုတော့..
ဘယ်ကြားညပ်နေလို့ ရှာမတွေ့တာပါလိမ့်..လျှောက်လှမ်းဆုံးသွားတော့ ဆယ်ဟွန်း
နောက်တစ်ဖက်ခြမ်းကနေ တစ်ပတ်ပတ်ပြီး ဟိုကြည့်ဒီကြည့်နဲ့ရှာရသည်။"အောင်မလေး..!"
နောက်ဆုံးတော့ ခြေဆင်းထားတဲ့ ဘတ်ဟျွန်းခြေထောက်ကို ခလုတ်တိုက်ရင်း..
ခြေပစ်လက်ပစ် ကိုယ့်အိမ်ကိုယ့်ရာလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ဘတ်ဟျွန်းကို ဆယ်ဟွန်းရှာတွေ့သွားသည်။စာကို တော်တော်ချစ်တဲ့ဝက်ပုတ်..
စာအုပ်နံ့တွေရပြီး မူးသွားတာများလား..?
နေပါဦး.. ထူးထူးဆန်းဆန်း..စာကြည့်တိုက်ကို ဘာကိစ္စရောက်နေပါလိမ့်..
မျက်စိလည် လမ်းမှားလာတာလား..ဆယ်ဟျွန်း ကိုယ်ကိုယ်တိုင် အဖြေမထုတ်နိုင်မယ့်အတူတူ ဆက်မစဥ်းစားတော့ဘဲ ကာယကံရှင်ကိုသာ နှိုးရန်ပြင်လိုက်တော့သည်။
"ဘတ်ဟျွန်း..ဘတ်ဟျွန်း.."
"Nae..ကျွန်တော်က ဘတ်...ဟျွန်း....ပါ..
အဲ့ဘက်က hyung က ပတ်ချန်းယောလ်မလား..ဟီး..
တွေ့ရတာ ဝမ်းသာပါတယ်..hyung.."