🍬2

2.1K 210 3
                                    

"ဆယ်ဟွန်းနား...မြန်မြန်စား..ပြီးရင် သွားကြမယ်.."

"ပါးစပ်ထဲကဟာ ဝါးပြီးမှ ပြောပါကွာ..ငါ့စင်ကုန်တော့မယ်.."

ပြောတော့မှ ပါးနှစ်ဖက်ဖောင်းနေအောင် ထည့်ထားတဲ့ ထမင်းကို ဝါးနေတာ..ပါးစပ်ထဲ ဘောလုံးနှစ်လုံးရောက်နေသလို..

"ဟျောင့်..ဖြည်းဖြည်းစား..နင်ကုန်တော့မယ်..
ပြီးရင် အတန်းလည်း တက်မှာမဟုတ်ဘူးမလား..."

ထမင်းလုပ်ကို ဝါးပြီး အတင်းမြိုချကာ ရေသောက်လိုက်လို့..

"စာဆိုတာ ငါ့အတွက် သင်ခါရ တွေပါ..
ခု အဲ့တာတွေက အရေးမကြီးဘူး..
အရေးကြီးဆုံးက ငါ့ ပါးချိုင့် crush ကြီးကို သွားရှာဖို့ပဲ..ဟဲဟဲ.."

လုပ်နေတဲ့ ရုပ်က ပိတ်ခေါက်ချင်စရာ..

"သြော်..မှတ်သားလောက်ပါတယ်..
လပတ်တွေတောင် အောင်မှတ်နဲ့ ကပ်အောင်တဲ့သူက သင်ခါရတွေ သံဝေဂတွေ လာပြောနေတယ်.."

"မသိဘူးကွာ..မြန်မြန်စား..crush ကိုရှာဖို့ဆို အချိန် တစ်စက္ကန့်ကတောင် တန်ဖိုးရှိတယ်.."

"အမယ်..ငါ့ကိုပြောမနေနဲ့..မင်းပန်းကန်ထဲက ဟာတွေပဲ ကုန်အောင် စားပါဦး.."

"အေးပါ..သိပါတယ်..ဒီလောက်ကတော့ ဗြောင်ဘတ်တို့ကအေးဆေး..
မင်းတို့လို ကိုယ့်ခန္ဓာကိုယ်ကိုတောင် မသဒ္ဒါတဲ့ သူတွေပဲ..အံသြဖို့ကောင်းတာ.."

"အေး..အေးပါကွာ..မင်းနဲ့ပြိုင်မပြောတော့ပါဘူး..စား.စား..
ရော့..ရေလေးလည်းသောက်.."

တကယ့်ကို မနိုင်စိန်..
အစားစားနိုင်သလောက် စကားကိုလည်း အကြီးကြီးတွေ လုပ်ပြီး မနိုင်နိုင်အောင် သူပဲလုပ်တတ်လွန်းတယ်..
သမီးတစ်ကောင် နွားတစ်ထောက်တော့မဟုတ်ဘူး..
သူငယ်ချင်း တစ်ကောင် မနိုင်စိန်အနန္တပါဗျာ..

ဟား..ဟား..ဟားးးးးး🤣🤣(သာသာ့ ရယ်သံ)
~~~~~~~
"ဟော..ဟဲ..ဟော.ဟဲ..
ဆယ်ဟွန်းနား..အထက်တန်း နောက်ဆုံးနှစ်ဆိုတာ သေရောသေချာလို့လား..ကွာ.."

အထက်တန်းနောက်ဆုံးနှစ်တွေထားတဲ့ လေးထပ်ဆောင် အပေါ်ဆုံးထပ်ကို တက်ရင်း ဆယ်ဟွန်းကို မေးနေသည်။
နောက်ဆုံးနှစ်တွေကို လေးထပ်ဆောင်ရဲ့ သုံးထပ်နဲ့ အပေါ်ဆုံးထပ် နှစ်ထပ်ထားတာမို့..
တတိယထပ်ကို ရှာပြီးတာမို့ အပေါ်ဆုံးထပ်ကို တက်လာကြခြင်း..

 🍕ဘေဘီလုံးကစ်🍔🍕ေဘဘီလုံးကစ္🍔[Completed]Where stories live. Discover now