🍳12🥚

1.4K 137 17
                                    

ဒီနေ့ကတော့ ကျောင်းပိတ်ရက် စနေနေ့လေး..
ခါတိုင်းလိုပဲ ဘတ်ဟျွန်းအိမ်ကို ချန်းယောလ်ရောက်နှင့်နေပြီ..
ခါတိုင်းလိုပဲ ဘတ်ဟျွန်းက အခန်းထဲ ဂိမ်းဆော့နေစဥ်..ချန်းယောလ် နဲ့ Tao က မီးဖိုချောင်ထဲမှာ ချက်ကြပြုတ်ကြမြဲ..
xiumin ကတော့ အိမ်ကကိစ္စတွေ စီစဥ်ပြီးမှ လိုက်လာမှာဖြစ်သည်။
တစ်ခြားသူတွေရဲ့ အလုပ်ပိတ်ရက်က တနဂ်နွေ တစ်ရက်သာဖြစ်တာမို့ ဒီနေ့ထမင်းဝိုင်းမှာတော့ ပါကြမည်မဟုတ်ပါ..

"omma..
ကြက်ဥကြော်ဖို့ပဲ ကျန်တော့တာဆိုတော့ သားပဲ လုပ်လိုက်တော့မယ်.."

"Aww..အေးအေး..သား..
အဲ့ဒါဆို omma ထမင်းစားပွဲမှာ ဘာလိုသေးလဲ သွားကြည့်လိုက်ဦးမယ်နော်..ကြက်ဥက ရေခဲသေတ္တာထဲမှာ ရှိတယ် သား"

"ဟုတ်..omma.."

ဒါကတော့ ယောက္ခမနဲ့ သားမက်လေးရဲ့ ပြောသံဆိုသံ..

"ကိုကို.."

ဟော.. ဘယ်ချိန်က ဘယ်လိုရောက်လာမှန်းမသိတဲ့ ကျွန်တော့်ရဲ့ အကောင်ပေါက်လေးက..
ရေခဲသေတ္တာ ဖွင့်နေတုန်း နောက်ကနေလာဖက်သည်။
မသိချင်ယောင်ဆောင်ကာ ရေခဲသေတ္တာထဲကို ဟိုရှာဒီရှာလုပ်နေလိုက်သည်။
ဖုံးမရ ဖိမရ နစ်နစ်ဝင်သွားတဲ့ ပါးချိုင့်ကို တော့ကျောခိုင်းထားတာမို့ မြင်မှာ စိတ်မပူရပါ..

"ကိုကို..
ကိုကိုလို့..ဟာ.."

"ဟားဟား..ခ်ခ်ခ်...ဟိုး ဟိုးထား..."
ချန်းလောလ်မှာ စကားတောင်မဆက်နိုင်..
အူတက်နေသည်။
အရယ်သန်ပါတယ်ဆိုတဲ့ သူကို ကလိသွားထိုးလိုက်မှတော့ စဥ်းစားသာကြည့်တော့..

(အပြင်မှာဆို အစ်ကို ပတ်ချန်းကြီး သန့်စင်ခန်းရှာနေလောက်ပြီ..နော့)

"ဟားဟား..ခ်ခ်ခ်.."

"မှတ်ပလား..မှတ်ပလား..အဲ့တာ ဘတ်ကို လျစ်လျူရှုချင်ဦး.."

ချန်းယောလ်မှာ ပါးပေါ်က မျက်ရည်တွေတောင် မသုတ်နိုင်ဘဲ..အရှေ့က ကောက်ချိတ်လေးကို ရင်ခွင်ထဲ အမြန်ထည့်လိုက်ရသည်။
မဟုတ်လို့ကတော့..သူ အခန်းအပြင်ကနေပဲ တစ်နေကုန်ထိုင်ချော့နေရမယ့် အဖြစ်ကို ရောက်တော့မည်လေ..
တစ်ခါလည်း နှစ်ယောက်သား ဂိမ်းပြိုင်ဆော့ရင်းက ချန်းယောလ်နိုင်သွားတော့..
နိုင်ရတာ ကြိုက်တဲ့ အစ်ကိုကြီးက ပျော်လုံးတွေဆို့နေတော့ ဘတ်ဟျွန်းပြောတာမကြားလိုက်ဘူးလေ..အဲ့တာနဲ့ပဲ..
ချန်းယောလ် အခန်းပြင်ထုတ်ခံရပြီး တစ်နေကုန်ချော့ရတော့သည်လေ..
တစ်နေကုန်ဆိုမှ တကယ့်တစ်နေကုန် တံခါးပိတ်ထားတာ.. ထမင်းလည်း ထွက်မစားတော့ ချန်းယောလ်ဆိုတာ အခန်းတံခါးရှေ့က တစ်ဖဝါးမှ မရွှေ့..
Tao ကတော့ သူ့သားအကြောင်း သူအသိဆုံးမို့ ချန်းယောလ်ကို ပြောရှာသည်။
"သား စိတ်ပူမနေနဲ့ သူလား တစ်နေကုန် ဘာမှမစားဘဲနေမှာ..
သူ့အခန်းထဲမှာ ရိက္ခာအပြည့်ရှိတယ်...မယုံရင် စောင့်ကြည့်..ခဏနေ.."

 🍕ဘေဘီလုံးကစ်🍔🍕ေဘဘီလုံးကစ္🍔[Completed]Место, где живут истории. Откройте их для себя