နောက်တစ်နေ့ နေ့လည်ထမင်းစားဆင်းချိန်...
ဆရာမတစ်ယောက်ခေါ်လို့ ဘတ်ဟျွန်းတို့အဆောင်ဘက်ရောက်လာတဲ့ မိီဆွန်းနဲ့ သူ့သူငယ်ချင်း..
သူ့တို့က အတက်..
လှေကားပေါ်က ဆင်းလာတဲ့ ဘတ်ဟျွန်း..
သူတို့နဲ့ မျက်နှာချင်းဆိုင် တွေ့သည်။
ဘတ်ဟျွန်း ဘာမှပြောချင်စိတ်မရှိတာကြောင့် မသိသလို ရှောင်သွားဖို့ လုပ်ပေမယ့်.."ဟိတ်..ကိုယ်နဲ့သိတဲ့ စီနီယာကို နှုတ်ဆက်ရမယ်ဆိုတာ မသိဘူးလား..
အရှုံးသမားတစ်ယောက်လိုမျိုး ရှောင်သွားတာမျိုးမလုပ်ဘဲ.."ဆိုကာ အထက်စီးဆန်ဆန်ပြောနေတဲ့ မီဆွန်းပုံစံက စက်ဆုပ်စရာကောင်းလှသည်။
"ဘာ..ဘာပြောတယ်ဗျ?"
"ဘာလဲ ..အရှုံးသမား ဆိုတာကို ထပ်ကြားချင်လို့မေးနေတာလား..
ဒီမှာ ကောင်လေး လူဆိုတာ ကိုယ့်နေရာ ကိုယ်သိရတယ်ကွ..
ချန်းယောလ်က မင်းနဲ့တွဲနေလို့ မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့..
ချန်းယောလ်လိုမျိုး အရာရာပြည့်စုံနေတဲ့သူက မင်းလိုမျိုး အရည်အချင်းမရှိ..ဖက်တီးပုတ်ကို အတည်တွဲမယ်ထင်နေတာလား..
ဟားဟား.."လှောင်ပြောင်သံတွေ ပြည့်နှက်နေတဲ့ မီဆွန်း အသံက ပြောခံရသူဖို့ ဒေါသမထွက်ဘဲ နေနိုင်စရာမရှိ..
"ဒီမှာဗျ..ကိုယ့်နေရာ ကိုယ်သိရမှာ ကျွန်တော် မဟုတ်ဘူးထင်တာပဲ..
ကျွန်တော်နဲ့ ကိုကိုက တစ်ယောက်နဲ့တစ်ယောက် ချစ်ပါတယ်လို့ ဖွင့်ဟထားကြတဲ့ ချစ်သူတွေ..မိဘချင်းလည်း သဘောတူပြီး စေ့စပ်ထားပြီးသား..
သူများတွေလို တစ်ဖက်သတ် တောက်တဲ့ ကပ်တွယ်နေတာ မဟုတ်ဘူးဗျ..""ဘာ.!!"
ဒေါသနဲ့ ပြန်လည်တုံ့ပြန်လာတဲ့ ဘတ်ဟျွန်းစကားတွေကလည်း မီဆွန်းအရှိုက်ကို ထိသည်။"ဟက်..စေ့စပ်ထားတယ်ဆိုတာ လက်ထပ်ထားတာမှ မဟုတ်ဘဲ..
စေ့စပ်ပြီးမှ လက်မထပ်ဖြစ်တဲ့ သူတွေမှတစ်ပုံကြီး.. အဲ့လို မသေချာ မရေရာတာတွေကို စိတ်ပူတဲ့ အထဲမှာ တို့မပါဘူးကွ..
ဒါပေမယ့်..မင်း သိထားဖို့က တို့တစ်ခုပြောပြလိုက်မယ်..
အခု မင်းမရသေးတဲ့ နေရာကို ငါရဖူးသွားပြီ
အဲ့တာက ဘာလဲဆိုတာ.. ချန်းယောလ်စက်ဘီးနောက်မှာ ထိုင်စီးခွင့်ရတာပဲ..
ဟားဟား..တို့က ပထမဆုံးသူစိမ်းမိန်ကလေး ဖ ဖြစ်နေမလားပဲ..ချန်းယောလ်က ဘယ်မိန်းကလေးနဲ့မှ သိပ်အရောတဝင်နေတာ မမြင်ဖူးဘူးလေ..
မဟုတ်မှ? မင်းရော စီးဖူးတယ်လို့တော့ မပြောဘူးမလား?
အဲ့လိုဆိုရင်တော့ မနိုင်ဝန်ထမ်းခဲ့ရတဲ့ တို့ ချန်းယောလ်ကို တို့ အရမ်းသနားမိသွားမှာပဲ..ဟားဟားးးး