"ဟယ်..ငယ်လေး ဘယ်လိုဖြစ်လာတာတုန်း..."
ခြံရှေ့ စက်ဘီးရပ်လိုက်တော့ ခြံထဲမှာပန်းပင်တွေရေလောင်းနေတဲ့ ဦးလေးက ကျွန်တော်တို့ကိုမြင်ပြီး လုံးကစ်ကို ကူတွဲလာတာ အိမ်အဝင်ဝနားပင် ရောက်လာသည်။
လုံးကစ် omma က အိမ်ထဲက ထွက်လာရင်းက တွေ့သွားတော့ စိုးရိမ်တကြီးမေးနေသည်။
မေးရင်းက လုံးကစ်ကို ဦးလေးလက်က လွှဲယူလိုက်ရင်း ဧည့်ခန်းက ဆိုဖာခုံတွေဆီအထိ တွဲသွားလိုက်သည်။ဦးလေးကလည်း လုံးကစ်လေးကို စိတ်ပူသည်ထင်ပါ့..
ဧည့်ခန်းထဲအထိ လိုက်လာသည်။လုံးကစ်ကို ဆိုဖာပေါ် ထိုင်ခိုင်းပြီး..
သူလေးက အတူထိုင်ဆိုတဲ့သဘောနဲ့ ဆွဲထားတာကြောင့် ဘေးမှာပဲ ဝင်ထိုင်လိုက်ရသည်။
အန်တီနဲ့ ဦးလေးက မျက်နှာချင်းဆိုင် ဆိုဖာမှာဝင်ထိုင်သည်။ကြည့်ရတာ ဦးလေးက ခြံစောင့်ဆိုပေမယ့် လုံးကစ်တို့မိသားစုက ဆွေမျိုးတစ်ယောက်လိုမျိုးပဲ သဘောထားသည်ထင်ပါသည်။" ငယ်လေးရယ်..
မနက်က သွားတုန်းကတောင် လမ်းလျှောက်နိုင်ပါသေးတယ်..ခုက ဘယ်လိုဖြစ်လာရတာလဲ..""ဟီး..အဲ့တာကလေ omma.."
ဆိုကာ omma လုပ်သူကို သွားဖြဲပြကာ မျက်နှာချိုးသွေးနေသည်။"Hyung..hyung.."
ဆိုကာ ကျွန်တော့်လက်မောင်းကို လှုပ်ကာ
"Hyung ပဲ ပြောပြလိုက်တော့"
ဟု ခိုင်းလာတဲ့ လုံးကစ်..ကျွန်တော်က သူ့ကို ပြုံးပြကာ..
အန်တီ့ကို ကြည့်လိုက်ရင်း.."ဒီလိုပါ..အန်တီ..
ဆယ်ဟွန်းက သွားစရာလေးရှိလို့..သားက လုံးကစ်..အဲ."လုံးကစ်လို့ခေါ်တာကို အန်တီက ကြိုက်ပါ့မလား မသိဘူး ပါးစပ်က လွှတ်ခနဲ ထွက်သွားလိုက်မိသည်။
"ရပါတယ်..သားရဲ့..သားခေါ်ချင်သလိုခေါ်ပါ. "
အန်တီက ခွင့်ပြုတော့မှ..
" ဟုတ် လုံးကစ်က ခြေထောက်လည်း နာနေတယ်ဆိုလို့ သားက လိုက်ပို့တာပါ..
အဲ့ဒါ စက်ဘီးစီးပြန်လာရင်းက..!"ခါးနောက်နားက အဆိတ်ခံလိုက်ရသလိုမျိုးလေး ဖြစ်သွားတော့..လုံးကစ်ကို လှည့်ကြည့်လိုက်မိသည်။
မျက်နှာရိပ် မျက်နှာကဲနှင့် ပြောနေသော လုံးကစ်..
သူ လက်တစ်ဖက်လွှတ်လို့ စက်ဘီးလဲသွားတဲ့အကြောင်း မပြောနဲ့ဆိုတဲ့ သဘောမျိုးမှန်း ကျွန်တော်သိပါသည်။
KAMU SEDANG MEMBACA
🍕ဘေဘီလုံးကစ်🍔🍕ေဘဘီလုံးကစ္🍔[Completed]
Fiksi Penggemarလုံးကစ်ရဲ့ကိုကို.. ကိုကိုရဲ့လုံးကစ်..