Part - 2

2.1K 228 19
                                    

(Zawgyi)

အတန်းထဲမှာဆရာက ပုစ္ဆာတစ်ပုဒ်ကိုရှင်းပြနေစဉ် တစ်တန်းလုံးလည်း တိတ်ဆိတ်ကာ စိတ်ပါဝင်စားစွာနားထောင်နေသည်..။ ဆရာမင်က စာသင်တာ ရှင်းလည်းရှင်းသလို စိတ်လည်းရှည်သည်လေ...။ ဒုတိယတန်းမှာထိုင်နေသော Hoseok လည်း သေချာစိတ်ပါဝင်စားစွာ လိုက်မှတ်နေစဉ်......

"ကျောင်းသား ဘာမေးမလို့လဲ....???"

ဆရာမင်ရဲ့မေးလိုက်သံကြောင့် ကျောင်းသားအားလုံးရဲ့အာရုံက လက်ထောင်လိုက်သောကျောင်းသားဆီသို့ရောက်သွားကြသည်...။ Jeon Jungkook ပါလား...။ နောက်ဆုံးတန်းမှာအမြဲထိုင်ကာ အတန်းတက်တစ်ရက် မတက်တစ်ရက်နဲ့ ခုလဲဘာမေးမလို့ လက်ထောင်တာလဲမသိ...။

"မေးမလို့မဟုတ်ပါဘူးဆရာ... ကျွန်တော် အတန်းဆက်မတက်ချင်တော့လို့"

"ဘာလို့လဲ.. ငါသင်တာ စိတ်ဝင်စားစရာမကောင်းလို့လား"

"တခြားကျောင်းသားတွေတော့ စိတ်ဝင်စားကြမှာပါ.. ကျွန်တော်ကတော့ပျင်းတယ်"

ကျောင်းသားအားလုံး သူ့အဖြေကြောင့် ကျွတ်စီကျွတ်စီဖြစ်လာကြသည်...။ ဆရာမင်က မျက်မှန်ကိုလက်နဲ့အသာပင့်ကာ ပြုံးလိုက်ရင်း....

"ကောင်းပါပြီကျောင်းသား... မင်းစိတ်မဝင်စားရင်သွားနိုင်ပါတယ်"

ထိုစကားကြောင့် Jungkook လည်း ဆရာ့ကို ဦးညွတ်အရိုအသေပြုကာ ကျောပိုးအိတ်ကိုကောက်လွယ်ပြီး အတန်းထဲမှ ထွက်သွားတော့သည်..။ ကျောင်းသားများကတော့ သူ့ကိုကြည့်ကာ ခေါင်းတခါခါဖြစ်ကုန်ကြသည်...။ ဆရာမင်ကလည်း အေးအေးလူလူထွက်သွားသော Jungkook ကို လှမ်းကြည့်နေရင်းမှ အတန်းဘက်ကိုအာရုံပြန်ပြောင်းလိုက်သည်...။

"အဟမ်း....စာဆက်သင်ကြမယ်"

"Nae!!!!"

ဒီလိုနဲ့ အတန်းချိန်ပြီးတော့ နေ့လည်စာစားချိန်ရောက်လာတော့ Hoseok လည်း စာအုပ်တွေသိမ်းကာ ထမင်းစားရန်ထမင်းဘူးလေးကို ထုတ်လိုက်သည်..။ Omma က အမြဲတမ်း သူတို့ညီအစ်ကိုအတွက် ထမင်းဘူးထည့်ပေးနေကျပင်ဖြစ်သည်...။

"Hoseok ahhh ဒီနေ့ Canteen သွားကြရအောင်"

Hoseok လှည့်ကြည့်လိုက်တော့ သူ့အချစ်ဆုံးသူငယ်ချင်း Namjoon ဖြစ်နေသည်..။ Namjoon နဲ့သူက အလယ်တန်းကျောင်းထဲက အတူတူပေါင်းလာကြတာမို့ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာတွေ...။

Unconditional Love (Completed) Where stories live. Discover now