Part - 4

1.7K 187 35
                                    

(Zawgyi)

အိမ်ကိုတကူးတက ရောက်လာတဲ့ Mrs. Jeon ကြောင့် Hoseok တို့သားအမိ ၃ယောက်လုံး အံ့ဩနေကြသည်...။ တန်ဖိုးကြီးအဝတ်အစားများ လက်ဝတ်ရတနာများကို ဝတ်ဆင်ထားပေမယ့် သူမမျက်နှာက မာနမရှိဘဲ ပြုံးရွှင်နေလေသည်...။

"ကျွန်မခုလိုလာတွေ့တာကို စိတ်ထဲဘယ်လိုမှမထားကြပါနဲ့... တကယ်တော့လေ တောင်းဆိုစရာလေးရှိလို့ပါ"

"ဟုတ်ကဲ့ သူဌေးကတော်.. ကျွန်မတို့ဘာများကူညီပေးရမလဲ"

Mrs. Jeon က မိခင်ရဲ့နောက်မှာ မျက်နှာငယ်လေးနဲ့ထိုင်နေသော Taehyungie လေးကို ကြည့်ပြီး ပြုံးလိုက်ပြန်သည်...။

"အစ်မရဲ့ သားငယ်လေးကအရမ်းချစ်ဖို့ကောင်းတယ်... သူ့ကိုလေ Mr.Jung ရဲ့ ဈာပနာကို လာတည်းက သတိထားမိတာ"

Taehyungie လေးက သူဌေးကတော်ရဲ့စကားကြောင့် ရှက်ပြီးခေါင်းလေးငုံ့သွားသည်...။ သူ့ကိုတော်တော်များများက ချစ်ဖို့ကောင်းကြောင်း ပြောကြပေမယ့် ခုလိုသူဌေးကတော်ကပါပြောတော့ စိတ်ထဲတမျိုးလေးဖြစ်သွားသည်..။

"Taehyungie လေးကို ချစ်ဖို့ကောင်းတယ်ပြောလို့ ကျေးဇူးပါ သူဌေးကတော်"

"နာမည်လေးက Jung Taehyung နော်"

"Nae သူဌေးကတော်"

ဒီတစ်ခါတော့ Taehyungie ကိုယ်တိုင်ဝင်ဖြေလိုက်ခြင်းဖြစ်သည်...။ သူ့အကြောင်းပြောနေတာကို တချိန်လုံးနှုတ်ဆိတ်နေလို့မှမကောင်းတာ..။

"ကဲပါ... ကျွန်မလိုရင်းကိုပဲပြောပါတော့မယ်... တကယ်တော့လေ Taehyung လေးကို ကျွန်မရဲ့တဦးတည်းသော သားလေးနဲ့ လက်ထပ်ပေးချင်လို့ပါ"

"Nae..?????"

သူဌေးကတော်စကားကြောင့် သားအမိသုံးယောက်လုံး အံ့ဩသွားကြသည်...။ Hoseok ကတော့သိလိုက်ပြီ သူဌေးကတော်ရဲ့သားဆိုမှတော့ Jeon Jungkook အပြင် ဘယ်သူရှိမှာလဲ...။

"သူဌေးကတော်က Taehyungie ကို Jungkook နဲ့ လက်ထပ်ပေးချင်တာလား"

"အင်း ဟုတ်တယ်... ဒါနဲ့ သားက Kookie ကို သိနေတာလား... Aww ဟုတ်သားပဲ တစ်ကျောင်းတည်းတက်ကြတာမလား"

သူဌေးကတော်က သူ့ဘာသာမေး သူ့ဘာသာပြန်ဖြေနေလေသည်...။ Hoseok စိတ်ထဲမှာတော့ Jungkook နဲ့ဆိုတာကို သဘောလုံးဝမကျပါ...။ Jungkook မောက်မာတာ ဆိုးသွမ်းတာ သူအသိဆုံးလေ..။ ပြီးတော့ Jungkook မှာ Yoongi ဆိုတဲ့ချစ်သူရှိနေတာပဲကို...။

Unconditional Love (Completed) Where stories live. Discover now