(Zawgyi)
Taehyung ဆွဲလက်စဒီဇိုင်းပုံတစ်ပုံကို အပြီးသတ်လိုက်ပြီးနောက် ထိုင်ခုံနောက်မှီကို မှီပြီးအညောင်းဆန့်လိုက်တယ်...။ နဂိုတည်းက ပုံဆွဲရတာ တီထွင်ဆန်းသစ်ရတာ ဝါသနာပါသူမို့ ဒီအလုပ်က သူနဲ့တော်တော်လေး အဆင်ပြေတယ်ပြောရမလားပဲ...။
"Morning Taehyung... ဒီနေ့လည်း အစောကြီးရောက်နေပါလား"
နှုတ်ဆက်သံနဲ့အတူ ရုံးခန်းထဲဝင်လာသူက Design ဌာနရဲ့ ဌာနမှူး Jinhee Noona...။ သူတို့ဌာနက Taehyung အပါအဝင်မှ ဝန်ထမ်း၅ယောက်တည်းသာရှိတာ...။ Taehyung က လူတိုင်းနဲ့တည့်အောင်ပေါင်းတတ်တော့ အဆင်ပြေနေတာပဲလေ...။
"Noona လည်း အစောကြီးရောက်လာတာပဲကို... ကျွန်တော်က မနေ့ကဆွဲလက်စကြီးဖြစ်နေတဲ့ အင်္ကျီဒီဇိုင်းကို အပြီးသတ်လိုက်ချင်လို့ပါ"
Taehyung ရဲ့စကားကို Jinhee Noona က ခေါင်းညိတ်ကာပြုံးကြည့်နေလိုက်တယ်...။ ငယ်ရွယ်သွက်လက်တဲ့ Taehyung ကို သူမရဲ့မောင်လေးတစ်ယောက်လို ခင်တွယ်နေမိတယ်လေ...။
"အော်.. ဒါနဲ့ Taehyung ဟိုနေ့ကထုတ်လိုက်တဲ့ ရှပ်အင်္ကျီဒီဇိုင်းက အရွေးခံရတယ်... နောက်လထဲလောက်ဆို ဈေးကွက်မှာဖြန့်မယ်တဲ့လေ"
"ဟင်... တကယ်လား...?? ပျော်လိုက်တာ... အဲဒါကျွန်တော့်ရဲ့ ပထမဆုံးထုတ်တဲ့ဒီဇိုင်းလေ..."
"ဂုဏ်ယူပါတယ် Taehyung.. နောက်လည်း ဒီဇိုင်းဆန်းဆန်းတွေ အများကြီးတီထွင်နိုင်ပါစေ"
"ကျေးဇူးပါ Noona ကျွန်တော်ကြိုးစားပါ့မယ်"
Taehyung တော်တော်လေးကို ပျော်နေမိတာ...။ သူ့ပွဲဦးထွက်အောင်မြင်မှုပဲလေ...။ ဒီ့ထက်ပိုပြီးကြိုးစားချင်စိတ်တွေလည်း ဖြစ်လာရတယ်...။ ခဏနေတော့ သူတို့ဌာနက စုံတွဲဖြစ်တဲ့ Leeyoung Hyung နဲ့ Sooyin Noona ရောက်လာကြတယ်...။
"တို့ဌာနမှူးကတော့ အမြဲအစောကြီးရောက်နေပါလား... အလုပ်ကြိုးစားတဲ့ဝန်ထမ်းလေး Taehyung ရောပဲ"
Taehyung သူတို့စကားကြောင့် ရယ်နေလိုက်တယ်...။ သူတို့နှစ်ယောက်က အရမ်းအားကျစရာစုံတွဲပါ...။ ဒီနှစ်ကုန်လောက်မှာ လက်ထပ်ကြမယ်ဆိုတာလည်း လူတိုင်းသိပြီးသား...။ အမြဲတမ်း အလုပ်သွားအလုပ်ပြန် အတူတူနဲ့ အလုပ်ထဲမှာကြိုးစားကြတာချင်းလည်း တူနေပြန်ရော..။
YOU ARE READING
Unconditional Love (Completed)
FanfictionSeason II of "Affection" Yoonkook Vs Taekook Written By : JaejoongHtike