(Zawgyi)
Seokjin သူ့ရှေ့မှာအရက်တွေကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေတဲ့ Yoongi ကိုကြည့်ပြီး သက်ပြင်းချမိသည်...။ သူ, မထင်မှတ်ပဲ ပြောလိုက်တဲ့စကားကြောင့် Yoongi ရဲ့ချစ်သူက တခြားတစ်ယောက်နဲ့လက်ထပ်ဖို့ လုပ်တာလား..??? ဒါမှမဟုတ် သူ့ဘာသာ တခြားအကြောင်းအရင်းလည်း ရှိချင်ရှိမှာပါ...။ ဒီလောက်လေးနဲ့ ကိုယ့်ချစ်သူကိုပစ်ပြီး တခြားတစ်ယောက်နဲ့ လက်ထပ်မှာတဲ့လား..။
"ဦး... သိလား"
အာလေးလျှာလေးနဲ့ပြောနေတဲ့ Yoongi ရဲ့အသံကြောင့် Seokjin သတိပြန်ဝင်သွားသည်...။ သူ့ကိုရီဝေစွာစိုက်ကြည့်နေတဲ့ Yoongi ဟာ အရက်ရှိန်ကြောင့် ပါးလေး၂ဖက်ကနီရဲနေတာ တမျိုးလေးချစ်စရာကောင်းနေသလိုလို...။
"Kookie ကလေ ဘာလို့ကျွန်တော့်ကို ဒီလိုလုပ်ရတာလဲ.. သူပြောတော့ ကျွန်တော့်ကိုအချစ်ဆုံးပါတဲ့.. ဘယ်လောက်အခက်အခဲရှိရှိ ကျွန်တော့်ကိုလက်ထပ်မှာတဲ့"
"သူလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့"
"ဘာအကြောင်းလဲ..?? သူလိုလူက သူဖြစ်ချင်တာကိုပဲ ရွေးလုပ်တတ်တာကို... အခုကျွန်တော်ဘယ်လိုလုပ်ရမလဲ... ကျွန်တော်ရင်တွေအရမ်းနာတယ်"
"ငိုချလိုက်ကွာ.. ငိုရင်စိတ်ထဲပေါ့ရင်ပေါ့သွားမှာ"
"ငိုရလွန်းလို့ မျက်ရည်တောင်မရှိတော့ဘူး ဦးရဲ့"
ပြောနေရင်းနဲ့စားပွဲပေါ်မှောက်သွားပြန်သည်..။ တော်သေးတာက အပြင်ဆိုင်မှာသောက်နေတာ မဟုတ်ပဲ သူ့ကိုအိမ်ခေါ်လာပြီး သောက်ခိုင်းထားလို့...။ နို့မို့ဆို သူမူးမူးရူးရူးအော်နေပုံနဲ့ အရှက်ကွဲရချည်ရဲ့..။
"ဦး....!!!"
"အင်း.. ပြော ဘာလဲ...???"
ဘဝမှာပထမဆုံး ခုလိုလူမှန်းမသိမူးနေတဲ့သူကို ထိန်းရတာ..။ သူ့ကိုယ်သူလည်း နားမလည်တော့..။ အရာရာကို စိတ်မရှည်တဲ့သူက ခုလိုမျိုးဘာလို့ ဒီကောင်လေးကိုလိုက်လျော ဆက်ဆံနေမိလဲ မသိတော့...။
"ဦး...ကျွန်တော့်ကိုနမ်းပါ"
ဟမ်...ဘာစကားကြီးလဲ..??? ဒီကောင်လေး အဲ့လောက်တောင် အသိပျောက်နေတာလား..။ တဖြည်းဖြည်းအနားတိုးကပ်လာသော Yoongi ကြောင့် Seokjin ချက်ချင်းပင် လက်ဖျားခြေဖျားတွေ အေးစက်လာသည်...။ မူးနေတဲ့ Yoongi ရဲ့ပုံစံက Seokjin ကို ရင်တွေတဒိတ်ဒိတ်ခုန်လာအောင် ဆွဲဆောင်နိုင်လွန်းလှသည်...။
YOU ARE READING
Unconditional Love (Completed)
FanfictionSeason II of "Affection" Yoonkook Vs Taekook Written By : JaejoongHtike