Part - 11

1.3K 175 36
                                    

(Zawgyi)

ကျောင်းချိန်ပြီးရင် အိမ်တန်းတန်းမတ်မတ်မပြန်တတ်တဲ့ Jungkook အကျင့်ကြောင့် ဒီနေ့လည်း ထုံးစံအတိုင်း ညမိုးချုပ်မှပြန်ရောက်လာသည်...။ Omma ကတော့ ဧည့်ခန်းထဲတွင်ထိုင်ကာ TV ကြည့်နေရင်း လှမ်းနှုတ်ဆက်တယ်...။

"ပြန်ရောက်ပြီလား သား???"

"Nae Omma"

ညစာရောလို့တော့ ဘယ်တော့မှမမေး..။ Jungkook ဘာသာ ဆာရင်စားမယ် မဆာရင်အပြင်မှာ စားခဲ့တယ်ဆိုတာ သိပြီးသားလေ...။ Omma က Jungkook ကို လွတ်လပ်ခွင့်အပြည့် ပေးထားပြီးသား...။

"Taehyungie ပြန်ရောက်နေတယ်"

အိမ်ပေါ်ထပ်သို့တက်ဖို့ပြင်နေတဲ့ Jungkook ရဲ့ ခြေလှမ်းတွေက Omma စကားကြောင့် ရပ်တန့်သွားရသည်...။

Taehyung....သူလွန်ခဲ့တဲ့ ၅လလောက်တည်းက အိမ်ပြန်မလာတာ...။ US သွားပြီးခွဲစိတ်ကတည်းက အိမ်ကနေစထွက်သွားတာ...။ ပြန်ရောက်တော့လည်း သူ့အမေနေမကောင်းလို့ဆိုပြီး သူ့အိမ်ပြန်နေနေတာလေ..။

"ကလေးက တော်တော်စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရှာတာ... ဂရုစိုက်ပေးလိုက်ပါဦး"

Jungkook ခေါင်းသာညိတ်ပြလိုက်ရင်း အပေါ်ဆက်တက်လာလိုက်သည်...။ အိပ်ခန်းတံခါးကို ဖြည်းညှင်းစွာဖွင့်ရင်းဝင်လိုက်တော့ ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ Taehyung ကို တွေ့လိုက်ရသည်...။

Jungkook တိတ်ဆိတ်စွာပင် ရေဝင်ချိုးနေလိုက်သည်...။ ခဏနေရေချိုးပြီးထွက်လာတော့ Taehyung က ကုတင်ပေါ်ငုတ်တုတ်လေး ထိုင်နေလေသည်...။

"နိုးသွားတာလား...???"

အိပ်မှုန်စုတ်မွှားလေးနဲ့ ခေါင်းလေးညိတ်ပြတာ တမျိုးလေးချစ်စရာကောင်းနေပြန်သည်...။ Jungkook ရေသုတ်နေစဉ် သူကထလာပြီး အဝတ်ထုတ်ပေးဖို့ လုပ်ပေးနေသေးသည်...။

"ရတယ် ငါ့ဘာသာထုတ်မယ်.. အေးဆေးထိုင်နေပါကွာ"

Taehyung လည်း ဒီတိုင်းသာ ငြိမ်ငြိမ်နေလိုက်ရင်း Jungkook လုပ်သမျှကို နောက်ကနေမျက်လုံးဝိုင်းလေးနဲ့ လိုက်ကြည့်နေရှာသည်...။ အားလုံးပြီးတော့ Jungkook လည်း ကုတင်စွန်းမှာ ခြေဆင်းထိုင်လိုက်ရင်း Taehyung ကို မေးတချက်ဆတ်ပြရင်း....

Unconditional Love (Completed) Donde viven las historias. Descúbrelo ahora