(Zawgyi)
"ဒါကတော့ မင်းတို့ Marketing ဌာနရဲ့ ဌာနမှူးအသစ် Jeon Jungkook ပါ... သူဌေး Jeon Junghyun ရဲ့တစ်ဦးတည်းသောသားပေါ့"
မန်နေဂျာက ဌာနကလူတွေနဲ့ တစ်ယောက်ချင်းစီမိတ်ဆက်ပေးတော့ Jungkook မပြုံးမရယ်ဒီတိုင်းပဲ ကြည့်နေလိုက်သည်...။ Jungkook က မပြုံးပြတော့ ဝန်ထမ်းတွေကလည်း ပြုံးပြရမလိုလို ခေါင်းညွတ်အရိုအသေပဲ ပေးရမလိုလိုဖြစ်နေကြသည်...။
ဌာနမှာရှိတဲ့သူက စုစုပေါင်း၁၅ယောက်...။ Jungkook သဘောကတော့ ရှင်းပါသည်.. ကိုယ်ကဖော်ဖော်ရွေရွေနေရင် သူတို့ကမလေးစားမှာစိုးလို့လေ...။ Jungkook ဆိုတာ ခုမှကျောင်းပြီးကာစ ဘွဲ့တောင်တက်မယူရသေးဘူး...။
အဲဒီ့တော့လူတိုင်းကို ခပ်တင်းတင်းဆက်ဆံထားမှ သူတို့ကိုယ့်ကိုမရိုမသေ မလေးမစားမလုပ်ရဲမှာ...။ ပြီးတော့ကိုယ့်ရဲ့ရာထူးကလည်း သူတို့အားလုံးရဲ့အထက်မှာလေ...။
"Jungkook တစ်ခုခုဆိုရင် Hyung ဆီလာခဲ့နော်"
"Ok...!!!"
မန်နေဂျာကမိတ်ဆက်ပေးပြီးတာနဲ့ ပြန်သွားလေပြီ...။ Jungkook ရုံးခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့ ကွန်ပျူတာ ၁၂လုံးက ၃လုံးတစ်တန်းနဲ့ ၄တန်းအစီအရီထားထားပြီး ဘေးဘက်နားမှာက ဒီဇိုင်နာတွေ ဒီဇိုင်းတင်ဆွဲဖို့ ခပ်ကြီးကြီးစားပွဲတစ်လုံးနဲ့ အခန်းထောင့်မှာတော့ မိတ္တူကူးစက်တစ်လုံးရှိနေသည်...။ Jungkook ထိုင်ရမယ့်နေရာက ရုံးခန်းထဲမှာသီးသန့် မှန်အလုံကာထားတဲ့အခန်းထဲမှာ...။
"ကိုယ့်အလုပ်ကိုယ်လုပ်ကြလေ.. ဘာလုပ်နေတာလဲ"
ဝန်ထမ်းတွေက Jungkook ဘာမှမပြောသေးလို့ ဘေးနားမှာဒီတိုင်းရပ်နေကြတာ...။ Jungkook အော်ထုတ်မှပဲ သူတို့နေရာလေးတွေ သူတို့ ပြေးထိုင်ကာ အလုပ်လုပ်ကြတော့သည်...။
ပြီးတော့မှ Jungkook လည်း သူ့အခန်းထဲသူ ဝင်ထိုင်နေလိုက်သည်...။ ပြောသာပြောရတာ ခုမှပထမဆုံးအလုပ်စလုပ်တာ ဘယ်ကနေဘယ်လို စရမှန်းမသိပေ...။ ခပ်တည်တည်နဲ့ ကွန်ပျူတာဖွင့်ကာ ဂိမ်းထိုင်ဆော့နေလိုက်သည်...။
အပြင်ဘက်မှာလည်း ဝန်ထမ်းများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာတွေပြောလို့ပြောရမှန်းမသိ...။ Jungkook က စရောက်ရောက်ချင်း သူတို့ကိုဆက်ဆံပုံက တစိမ်းဆန်လှသည်လေ...။
YOU ARE READING
Unconditional Love (Completed)
FanfictionSeason II of "Affection" Yoonkook Vs Taekook Written By : JaejoongHtike