Part - 6

1.5K 179 32
                                    

(Zawgyi)

ဒီရက်ပိုင်း Seokjin တစ်ယောက် Yoongi ရဲ့ကျောင်းကိုနေ့တိုင်း ရောက်ဖြစ်နေသည်...။ မနက်ဆို အလုပ်မသွားခင် Yoongi ကိုဝင်ကြို ကျောင်းအရောက်လိုက်ပို့ ညနေဆိုအလုပ်ရှိနေသေးလည်း ခဏထားပြီး ကျောင်းလာကြိုပေးရသည်...။ အလုပ်မရှိရင်တော့ ညစာပါတစ်ခါတည်း အပြင်မှာစားပြီးမှ Yoongi ကို အိမ်ပြန်ပို့ပေးဖြစ်သည်...။

Yoongi ရဲ့မိဘတွေကတော့ သဘောကျတာပေါ့...။ သူတို့၂ယောက်ကိုခုလိုမျိုး ရင်းနှီးစေချင်တာကြာပြီလေ..။ Seokjin ကိုယ်တိုင်ကလည်း လိုလိုချင်ချင်ကို ဒီတာဝန်ကိုယူထားခဲ့တာ...။ Yoongi ရဲ့ဘေးမှာနေရရင်ကို အလိုလိုစိတ်ထဲမှာ ပျော်နေမိတယ်လေ...။

ဒီနေ့တော့အလုပ်လည်းစောပြီးနေ၍ Seokjin လည်း ကျောင်းသို့ခပ်စောစောပင် ထွက်လာခဲ့လိုက်သည်...။ ကားထဲမှာထိုင်နေရမှာပျင်းလို့ အပြင်ထွက်ကာကားကိုမှီရင်း ငေးနေမိသည်...။ ကျောင်းသားတော်တော်များများကလည်း Seokjin ကို Yoongi နဲ့ မိဘသဘောတူထားသူမှန်းသိနေ၍ ဖြတ်သွားရင်းနှုတ်ဆက်သွားကြသည်...။ Seokjin လည်း အလိုက်သင့်ပြန်နှုတ်ဆက်ရင်း ဘာရယ်မဟုတ် သူကျောင်းတက်တုန်းကအချိန်တွေကို ပြန်တွေးမိရင်းကြည်နူးနေလေသည်...။

"ဒီမှာ Kim Seokjin shii စကားနည်းနည်းလောက်ပြောရအောင်"

ရုတ်တရတ်သူ့ရှေ့သို့ရောက်လာပြီး မာရေကြောရေနဲ့စကားစပြောသော ကောင်လေးကြောင့် Seokjin မျက်မှောင်ကျုံ့ကြည့်လိုက်သည်...။

"မင်းကဘယ်သူလဲ... ငါ့ကိုသိလို့လား...???"

"Haha သိပ်သိတာပေါ့... ခင်ဗျားလည်း ကျွန်တော့်ကိုသိမှာပါ... ကျွန်တော့်နာမည် Jeon Jungkook"

ထိုအခါမှ Seokjin သဘောပေါက်သွားတော့သည်...။ ဘာလဲ... ဒီကောင်က သူ့လူကို Seokjin က လုယူသလိုဖြစ်နေလို့ စိတ်တိုနေတာလား...?? ဒါလည်းမဟုတ်သေးပါဘူး...။ သူလည်း တခြားတစ်ယောက်နဲ့ လက်ထပ်တော့မှာကို...။ Seokjin လို လုပ်ငန်းရှင်တစ်ယောက်က Jungkook လို တက္ကသိုလ်ကျောင်းသားတစ်ယောက်နဲ့ ရန်ဖြစ်မနေချင်ပါ...။ ထို့ကြောင့်ခပ်အေးအေးပင် Jungkook ကို ပြန်ပြောလိုက်သည်...။

"Aww မင်းက Jungkook လား... ကြားဖူးနေတာကြာပါပြီ... ဒါနဲ့ အခုငါ့ကိုဘာပြောမလို့ပါလိမ့်"

Unconditional Love (Completed) Where stories live. Discover now