(Zawgyi)
Yoongi ထိုင်ရာကမထပဲ သူ့ရှေ့မှာတစ်ယောက်တည်း ယောက်ယက်ခက်ကာ မင်္ဂလာဝတ်စုံရွေးနေတဲ့ Seokjin ကိုကြည့်နေလိုက်တယ်...။ Seokjin က တက်ကြွနေသလောက် Yoongi ရဲ့ပုံစံက အေးတိအေးစက်ဖြစ်နေတယ်...။ အရင်ကဆိုရင်တော့ မင်္ဂလာဆောင်မယ်ဆို ပျော်ရွှင်နေလောက်ပေမယ့် အခုကျတော့ Seokjin ကိုစိတ်ကွက်စရာတွေ့နေတော့ ထင်သလောက်မပျော်တော့...။
"Yoonie ဒီဝတ်စုံလေးသဘောကျလား...??"
Seokjin က ဝတ်စုံတစ်စုံကို ယူလာပြတော့ Yoongi ဝတ်ကြေတန်းကြေ ခေါင်းပဲညိတ်ပြလိုက်တယ်...။
"မဆိုးပါဘူး"
"ဒီတစ်စုံနဲ့ဆိုရင်ရော ဘယ်ဟာပိုကြိုက်လဲ...??"
"မသိဘူး.. အဆင်ပြေမယ်ထင်တာသာရွေးလိုက်"
Yoongi ရဲ့စိတ်မပါတဲ့ပုံကြောင့် Seokjin မျက်နှာမကောင်းဖြစ်သွားပြီး ဝတ်စုံတွေကို ဘေးမှာရပ်နေတဲ့ဝန်ထမ်းကောင်မလေးလက်ထဲ ပြန်ထည့်ပေးလိုက်ပြီး ကောင်မလေးကိုလည်း မျက်ရိပ်ပြကာ ထွက်သွားခိုင်းလိုက်တယ်....။ ပြီးတော့မှ Yoongi ရဲ့ဘေးမှာသွားထိုင်ကာ Yoongi ရဲ့လက်တွေကို ဆွဲယူကာကိုင်ထားလိုက်တယ်.....။
"Yoonie ကိုယ်နဲ့လက်ထပ်မှာကို မပျော်လို့လားဟင်..??"
ထိုအခါ Yoongi ခေါင်းမော့လာကာ Seokjin ရဲ့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်လာတယ်.....။ Yoongi ရဲ့အကြည့်တွေက Seokjin ကိုတောင် ကြက်သီးတွေထသွားစေတယ်...။
"ကျွန်တော်က ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်လိုက်တာပါ... ကျွန်တော့်ဆန္ဒအတိုင်းသာဆို Kook နဲ့နှစ်ယောက်တည်း အဝေးကြီးကိုထွက်သွားချင်တာလေ"
ဒီတစ်ခါတော့ Seokjin စိတ်ထဲနည်းနည်းတင်းသွားတယ်....။
"မင်းခုထိ Jungkook ကိုမမေ့နိုင်ဘူးလား... အဲဒါများမင်းဘာလို့ ငါနဲ့ချစ်ခဲ့သေးလဲ... ငါတို့နှစ်ယောက်အတူတူပျော်ခဲ့တာတွေကရော ဘာတွေလဲ... အခုကျမှ Jungkook ကြောင့် မင်းခုလိုမျက်နှာမပျက်သင့်ဘူးလေ"
Seokjin လေသံမာမာပြောလိုက်ပေမယ့် Yoongi လန့်မသွားဘဲ ခြောက်ကပ်စွာထရယ်လေသည်....။ အမြဲတမ်းအပြုံးချိုချိုလေးများဖြင့်သာ တွေ့ရတတ်တဲ့ Yoongi ရဲ့ခုလိုပုံစံက Seokjin အတွက်တော့ စိတ်ရှုပ်ထွေးစရာပါ....။
YOU ARE READING
Unconditional Love (Completed)
FanfictionSeason II of "Affection" Yoonkook Vs Taekook Written By : JaejoongHtike