(Zawgyi)
Jungkook ရဲ့ကားလေး ကားပါကင်မှာ နေရာတကျရပ်လိုက်ပြီး ဆင်းလာချိန် မျက်နှာချင်းဆိုင်တစ်ဖက်ခြမ်းက Hoseok လည်း သူ့ကားပေါ်က ဆင်းလာတာကိုတွေ့ရတယ်....။ Jungkook မျက်နှာမှာ မဲ့ပြုံးတစ်ခုပေါ်လာခဲ့တယ်.....။ Hoseok အလုပ်စဝင်တုန်းက Bus နဲ့တင် အလုပ်သွားအလုပ်ပြန်လုပ်ရတာ...။ အခုကျတော့ ကိုယ်ပိုင်ကားတွေတောင် စီးနိုင်နေပြီလေ...။
ဟိုတနေ့ကဆို Appa က Hoseok ကို Manager ရာထူးထိတိုးပေးခဲ့တာ....။ Jungkook တောင်လန့်သွားရတယ်... မန်နေဂျာဆိုရင် ဘာပဲပြောပြောသူ့ထက် ရာထူးမြင့်သွားပြီလေ....။ ဒါပေမယ့် Hoseok ငြင်းခဲ့ပါတယ်....။ သူအခုလိုလုပ်တာ ရာထူးလိုချင်လို့မဟုတ်ပဲ ကုမ္မဏီကိုသူတတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတာတဲ့လေ....။ ပြီးတော့ သူ့ဌာနကိုလည်း သံယောဇဉ်ဖြစ်နေပြီဆိုတော့ မပြောင်းချင်ဘူးတဲ့...။
ဘာပဲပြောပြော သူအဲလိုငြင်းလိုက်တာကို Jungkook ကျေနပ်သွားရတယ်...။ အခုလည်း Hoseok တစ်ယောက် Jungkook ကိုမမြင်သေး....။ သူ့လက်ထဲက များပြားလှတဲ့အထုတ်တွေနဲ့ အလုပ်ရှုပ်နေလေတယ်...။ Jungkook လည်း မခေါ်ဘဲ သူ့ဘေးကနေ အသာလေးဖြတ်လျှောက်သွားလိုက်တယ်....။
"အာ Jungkook ခဏလေးနေပါဦး"
ဟော...တွေ့သွားပြီလား...?? Jungkook ကျွတ်တချက်သပ်ရင်း Hoseok နောက်ကနေ လိုက်လာတာကို ရပ်စောင့်ပေးနေလိုက်တယ်....။
"မင်းကိုတွေ့တာအတော်ပဲ... မဟုတ်ရင်တောင်ငါက ဖုန်းဆက်ခေါ်မလို့"
Jungkook မျက်မှောင်ကျုံ့ကြည့်လိုက်ပေမယ့် Hoseok ကတော့ သူ့လက်ထဲကအိတ်တွေကို ဖွင့်ကာစစ်ဆေးနေဆဲ...။ အိတ်ကိုကြည့်လိုက်တာနဲ့ မုန့်တွေဆိုတာ Jungkook သိလိုက်တယ်...။
"Jungkook မင်းကိတ်မုန့်ကြိုက်လား..??"
"မကြိုက်ဘူး... ငါအချိုမစားတတ်ဘူး"
ဘာလဲ... သူကငါ့ကို ကိတ်မုန့်ကျွေးဖို့ခေါ်တာလား...??? Jungkook မစားဘူးဖြေပြီးတာတောင် Hoseok က သူ့လက်ထဲက ကိတ်မုန့်ထည့်ထားတဲ့အိတ်ကို Jungkook ဆီ အတင်းထိုးပေးနေတယ်....။ Jungkook လှမ်းမယူပဲ မကျေမနပ်နဲ့ ဘုကြည့်ကြည့်လိုက်စဉ်....
"အကူအညီတောင်းပါတယ်... ဒါလေးကို Taehyungie ဆီပို့ပေးပါလား.. သူကအဲဒီ့ဆိုင်က ကိတ်မုန့်ဆိုအရမ်းကြိုက်တာ"
YOU ARE READING
Unconditional Love (Completed)
FanfictionSeason II of "Affection" Yoonkook Vs Taekook Written By : JaejoongHtike