[Unicode]
ရေချိုးခန်းတံခါးပွင့်သံနှင့်အတူ ထွက်လာသည့်လူကြီးမှာ အဖြူရောင်ရှပ်အင်္ကျီခပ်ပွပွနှင့်အောက်ကအိမ်နေရင်းဘောင်းဘီအပွတစ်ထည်ကို၀တ်ထားသည်မို့ လူကြီးတစ်ယောက်ဖြစ်နေသည့်တိုင် ထိုသူ၏ပုံစံမှာလူငယ်တွေထပ်ပင်နုပျိုကာကြည့်ကောင်းနေပြန်ပါသည်။
ရေချိုးပြီးပြီးချင်းမို့ရေစိုနေသည့်ဆံစတို့မှာနဖူးပြင်ထက်တွင်တွဲကျလို့နေ၏။
အသက်အရွယ်နှင့်မလိုက်ဖက်လှစွာကြည့်ကောင်းလွန်းနေသည့်ထိုသူ့ကို ဂျောင်ဂုခိုးကြောင်ခိုးဝှက်ဖြင့်ငေးကြည့်လို့၀သွားသည့်နောက်တွင်တော့ မျက်လုံးများကိုအသာပြန်မှိတ်ရင်းအိပ်ချင်ယောင်ဆောင်နေလိုက်တော့သည်။တဖြည်းဖြည်းအနားတိုးကပ်လာသည့် ခြေသံကြောင့် ဂျောင်ဂု ကိုယ်ပေါ်ကစောင်စကိုတင်းတင်းဆုပ်ကိုင်မိလျက် မျက်လုံးများကိုလည်းမဖွင့်မိအောင်အတင်းအကြပ်မှိတ်ထားမိပါသည်။ သူအခုအိပ်ချင်ယောင်ဆောင်နေသည်လေ ပီပြင်ရမည်မဟုတ်လား။
ရေချိုးပြီးသွားသည့်လူကြီးကသူ့အနားသို့ပို၍နီးကပ်လာလေလေလေ ထိုသူ့ဆီကဆပ်ပြာနံ့ခပ်သင်းသင်းကသူ့၏နှာခေါင်း၀သို့ပို၍ပြင်းပြစွာတိုး၀င်လို့လာလေလေပင်။
"သိသာလွန်းတယ်"
"....."
"အိပ်ချင်ယောင်ဆောင်နေတာရပ်လိုက်တော့"
သူ၏ကိုယ်ပေါ်ကစောင်စကိုဆွဲလှန်ပစ်ရင်း ခပ်အေးအေးဆိုလာသည့်လူကြီးကြောင့် ဂျောင်ဂုမှာအတင်းအကြပ်မှိတ်ထားသည့်မျက်လုံးများကိုဖွင့်ကြည့်မိတော့ ကုတင်ပေါ်ကသူ့အားငုံ့မိုးကာကြည့်နေသည့်အရိပ်တစ်ခု။
ထိုလူကြီးကစကားတစ်ခွန်းမှထပ်မဆိုဘဲမျက်နှာထားတည်ငြိမ်စွာဖြင့်မိမိအားကြည့်နေပြန်တော့ ဂျောင်ဂုလက်ဖဝါးလေးတွေထက်ချွေးစလေးတွေတောင်ကပ်လို့နေသည်။
"ဘာ...ဘာလို့အလုပ်မသွားသေးတာလဲ?"
မေးလိုက်ပုံမှာအနည်းငယ်အထက်စီးဆန်ကာရိုင်းသွားပုံပေါ်သော်လည်း ဂျောင်ဂုကဂရုမစိုက်စွာဖြင့် မျက်နှာထားကိုခပ်တည်တည်ပင်နေပစ်လိုက်သည်။