[Unicode]
မနက်အိပ်ရာထပြင်ဆင်ပြီးကတည်းက အနားတွင် ကြောင်လေးတစ်ကောင်လို တကောက်ကောက်လိုက်ရင်း ငြိမ်ကုပ်နေသည့်ကောင်လေးကိုကြည့်ရင်း ထယ်ဟျောင်း အတွေးများနေရသည်။ ထိုကလေး ဘာတွေကြံစည်နေသည်ကိုတော့ သူစဉ်းစားမရပါပေ။
အခုလည်း ထယ်ဟျောင်းမှာ ခရီးသွားဖို့အတွက် လိုအပ်သည်များထုပ်ပိုးနေသည်ကို အနားတွင်ငေးကြောင်ကြောင်နှင့် လာရပ်ကြည့်နေကာ နှုတ်ခမ်းမှာတော့ချွန်မြမြရယ်။ ဘာတွေကို ဒေါကန်နေမှန်းမသိ ရုတ်တရက် ခြေထောက်ကိုဆောင့်ရင်း တစ်ယောက်တည်းစူပုတ်နေသည့် ထိုကလေးကို ထယ်ဟျောင်း စနောက်ချင်မိပေမယ့် အချိန်မရသည်မို့ ကိုယ်တိုင်လုပ်စရာရှိသည်များကိုသာ ဦးစားပေးလုပ်ဆောင်နေလိုက်တော့၏။"ကိုယ်သိပ်မကြာပါဘူး ကိစ္စတွေပြီးစီးတာနဲ့ အတတ်နိုင်ဆုံးတော့ မြန်မြန်ပြန်လာခဲ့မယ်"
"....."
အချိန်သာကြာသွားတယ် ထိုကလေး၏ကျုံ့ကွေးနေသည့်မျက်ခုံးနှစ်ဖက်မှာ မကွဲကွာသွားသေး။ တစ်ချက်တစ်ချက် လူကိုရွဲ့စောင်းစောင်းကြည့်ကာ မဲ့ရွဲ့ပြတတ်သေးသည်မို့ ထယ်ဟျောင်း တကယ်ကိုကြောင်အ မိနေပါ၏။
"ဒါမှမဟုတ် တစ်ယောက်တည်းမနေနိုင်ဘူးဆိုရင် မင်းမိဘတွေအိမ်ကို ကိုယ်၀င်ပို့ပေးခဲ့မယ်"
"အာ!! မဟုတ်တာ..ရတယ် ကျွန်တော်တစ်ယောက်တည်းနေလို့ဖြစ်တယ်"
ဂျောင်ဂု အိပ်ရာထနေကျအချိန်မဟုတ်ပါဘဲနှင့် အစောကြီးနိုးနေမိသည့်အကြောင်းရင်းကတော့ အိမ်က အသက်ကြီးပြီးအကျင့်ပုတ်တဲ့ လူကြီးကြောင့်ပင်။ ယနေ့သည် ထိုလူကြီး ခရီးထွက်ရမည့်နေ့ဖြစ်တာမို့ ဂျောင်ဂု အပျော်ကြီးပျော်နေရခြင်းပင်ဖြစ်၏။ မကြာမီတွင် အိမ်ကနေ ထိုလူကြီးထွက်တာနှင့် ဂျောင်ဂု သူကိုယ်တိုင် ရေးဆွဲထားခဲ့သည့် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်တော့မည်မို့ ၎င်းကိုကြိုတင်ကာတွေးတောရင်း ကျေနပ်နေမိ၏။ ။
"တကယ်ဖြစ်လို့လား?"
"ဖြစ်ပါတယ်ဆိုဗျာ!! ဂု - ကျွန်တော်က ကလေးမှမဟုတ်တာ တစ်ယောက်တည်းနေလို့မဖြစ်တဲ့ပုံပေါက်နေလို့လား ခင်ဗျား!!!"