// 9 //

6.6K 655 51
                                    

Unicode🌱

တဒုတ်ဒုတ်တုန်လှုပ်နေသည့် သူ၏ရင်အစုံမှာ တဝေါဝေါနှင့် ကမ်းစပ်သို့ရိုက်ခတ်နေသည့် ရေလှိုင်းတို့နှင့် သံပြိုင်မြည်လို့နေ၏။ အမည်မသိခံစားချက်တစ်ခုသည် ရင်တွင်းတစ်‌နေရာမှထိုးထွက်လာသည့်အခါ ဘယ်ဆီဘယ်၀ယ်၌ အဖြေရှာရမည်ကို သူမသိပါချေ။ ထိုသို့နှင့် ကျောခိုင်းကာထွက်သွားသည့်လူကြီးနောက်ကိုသာ ဂျောင်ဂု အပြေးလေးလိုက်ခဲ့မိပါသည်။ ထိုသူသည် သူ့အား စိတ်ဆိုးဒေါသထွက်သွားသည်ကို သူလက်မခံနိုင်ဖြစ်မိပါသည်။ ကြောက်ရွံ့မှုတစ်ခုလို ခံစားချက်မျိုးသည် ထိုသူ၏နောက်ကျောပုံရိပ်လေးကိုမြင်လိုက်ရချိန်၌ သူ့ထံတွင်ကပ်စွဲလို့လာ၏။ ဤသည်ကား 'အချစ်' ဟူသည့် စကားလုံးနှစ်လုံးပေလား သူမပြောတတ်။

ထိုသူ၏ ချုပ်ချယ်တင်းကြပ်မှုတွေကို သူသဘောမတွေ့သော်ငြား သူသည်ထိုသူနှင့်ဝေးရာတွင် မနေနိုင်သည်ကိုတော့ သူနားလည်သဘောပေါက်မိခဲ့ပါသည်။

ကိုယ့်ကိုပဲဂရုစိုက်ပေးပြီး ကိုယ့်ဘေးနားမှာအမြဲတမ်းရှိနေပေးခဲ့သည့် တစ်စုံတစ်ယောက်က သူ့အားပစ်ပယ်သွားမည်ကို ဂျောင်ဂု အကြောက်ဆုံးပင်ဖြစ်သည်။ ငယ်စဉ်ကတည်းက သူ့အား ပေးကမ်းလာကြသည့် အချစ်၊ မေတ္တာတို့ကို သူသည် လက်ခံဖူးရုံမျှသာဖြစ်ပြီး စွန့်ပစ်ခံရခြင်းနှင့်ပစ်ပယ်ခံရခြင်းတို့သည်တော့ သူ့တွင် ရှိမလာခဲ့ဖူးသည့်အရာများပင်ဖြစ်ပေသည်။ ထို့အတွက်ကြောင့် တစ်စုံတစ်ဦးထံမှပစ်ပယ်ခံရတော့မည်ဟူသောအတွေးသည် သူ၏စိတ်တစ်ခုလုံးကို နေ့ချင်းညချင်း ချောက်ချားသွားစေသည်။

မဖြစ် ... စွန့်ပစ်ခံရခြင်းသည် လူတွေကို မရှူမလှပင်ခံစားနာကျင်ရစေသည် ဆိုတာက သူမကြုံဖူး‌‌သော်လည်း ပုံသေမှတ်သားထားသည့်အရာပင်ဖြစ်ပေ၏။ ထို့အတွက်ကြောင့်ပေမို့ ထိုလူကြီးထံမှစွန့်ပစ်ခံရပါက သူသည် ချာတိတ်ကလေးတစ်ယောက်ဖြစ်ပေသည့်တိုင် ကြေကွဲခံစားရပေလိမ့်မည်။

••••••••

ပူနွေးသည့်နေရောင်ခြည်တို့ဖြာကျနေသည့် ပင်လယ်ပြင်သည် မှော်ဆန်သည့်အရာတစ်ခုလိုပင် တလက်လက်တဖျတ်ဖျတ်တောက်ပနေသည်မှာ ကြည့်ရှူသူအဖို့ မျက်စိကျိန်းလောက်စရာပင်။

I Really Like You [Under Editing]Where stories live. Discover now