[Unicode]
''ဟဲ့ ဟဲ့ ....ဘယ်လိုဖြစ်လို့လှေကားပေါ်ကနေခုန်ပေါက်ဆင်းလာရတာတုန်း
ချော်ကျနေမှဖြင့် ရှေ့ကသွားနှစ်ချောင်းကကျွတ်ဦးမယ်''လှေကားပေါ်မှ ဝုန်းဒိုင်းကြဲဖြင့်ပြေးဆင်းလာသည့်သားဖြစ်သူကိုကြည့်ရင်း မနက်စောစောစီးစီးရင်တမမဖြင့်စိုးရိမ်နေရသည်မှာလည်း သူမ၏နေ့စဥ်အလုပ်တစ်ခုကဲ့သို့ပင် ကျင့်သားရနေပြီဖြစ်သည်။ ပိုတယ်ဟုဆိုလျှင်လည်းမတတ်နိုင် တစ်ဦးတည်းသောသားလေးဖြစ်တာကြောင့် ပိုးမွေးသလိုမွေးရင်းပြုစုစောင့်ရှောက်ခဲ့ရသည်မို့ သေးသေးလေးတောင်အပွန်းအပဲ့အထိအခိုက်မခံနိုင်ပါ။
''မာမီ ကလည်း သားကချော်လဲရအောင် ကလေးမဟုတ်တော့ပါဘူး''
''ကလေးမဟုတ်လို့ပြောနေရတာပေ့ါ....ကလေးကမှရိုက်နှက်ပြောရင်ရဦးမယ် နင်ကတော့''
''ဟာ မာမီကဗျာ...သားကိုဆိုအမြဲဆူနေတော့တာပဲ ။ ဒီသားလေးတစ်ယောက်တည်းရှိတာကို''
''ဂျွန်ဂျောင်ဂုရေ နင့်ကိုတော့ငါရင်လေးတယ် နင်နဲ့ယူမယ့်မိန်းကလေးကတော့ မတွေးရဲစရာပဲ''
''သားက မိန်းမမယူပါဘူးနော် ဟောဒီ့ကမာမီနဲ့ပဲ....တစ်သက်လုံးနေမှာ....ဟွန့်''
''ဟင်း...ဟုတ်ပါပြီ အခုကဘယ်လဲ''
'' ကိုကိုဂျီမင်း တို့နဲ့ချိန်းထားလို့ ဟီးးးမုန့်ဖိုး''
ရှိသမျှသွားအကုန်ဖြီးပြပြီးလက်ဝါးဖြန့်ကာမုန့်ဖိုးတောင်းနေတဲ့ သူမ,သားကိုသူမကြည့်ပြီး သက်ပြင်းချနေမိသည်မှာဘယ်နှစ်ကြီမ်မြောက်မှန်းပင်ကိုမသိတော့။တကယ်ကိုရင်လေးလွန်းလှသည်။
'' အဲ့ကောင်လေးတွေကလည်း ကိုယ့်ညီလေးကိုမဆိုးအောင်ဝိုင်းထိန်းပေးမယ်မရှိဘူး
သူတို့ကပါဝိုင်းမြှောက်ပေးပြီး ကဲနေရသလား''"မာမီကလည်း ကိုကို တို့ကိုမပြောပါနဲ့
ကိုကို,တို့က သားကိုဆိုဘယ်လောက်တောင်ချစ်လိုက်လဲ မာမီ မသိတာလည်းမဟုတ်ပဲနဲ့''သူ့အစ်ကိုတွေကိုတစ်ခုခုမပြောလိုက်နှင့် သေးသေးလေးတောင်အပြောမခံသည့်ထိုကောင်လေးကို သူ့အစ်ကိုတွေကလည်း သည်းသည်းလှုပ်ကြ၏။ မသိကျွမ်းသည့်သူစိမ်းသာဆိုလျှင်သူတို့အားညီအစ်ကိုအရင်းတွေဟုပင်ထင်နိုင်သည်။