[Unicode]
ဒီနေ့က စက်တင်ဘာလ၏ပထမဦးဆုံးသောရက် ... တစ်နည်းပြောရလျှင် ဂျွန်ဂျောင်ဂု ဆိုသော သူ့ရဲ့ 18နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပင်ဖြစ်သည်။ နှစ်စဥ်နှစ်တိုင်း ဂျောင်ဂု၏မွေးနေ့ပွဲကို မိဘတွေက ရင်းနှီးတဲ့မိတ်ဆွေအနည်းငယ်သာဖိတ်ကြားပြီး ခမ်းခမ်းနားနားကြီးမျိုးမဟုတ်သည့် အသေးစားပါတီလေးတစ်ခုကို အိမ်မှာပင်ပြုလုပ်၍သာ ကျင်းပပေးလေ့ရှိသည်မို့ ယခုနှစ်တွင်လည်း မိသားစုညစာစားပွဲလေးကို လူနည်းစုဖြင့် ခြံ၀န်းထဲမှာသာပြုလုပ်ဖြစ်သည်။
''ကိုကို တို့ကဘာမှမပေးဘူးလား ဟွန့်....''
''အာ...ကိုကိုတို့က ဘာ၀ယ်ရမှန်းမသိတာနဲ့''-
''ဂျောင်ဂုဂီလေးကို နှစ်တိုင်း တစ်နှစ်တစ်မျိုးမရိုးရအောင် ၀ယ်ပေးနေတာဆိုတော့ ၀ယ်ပေးရတာလည်းစုံနေပြီလေ အဲ့တာကြောင့် အခုဘာ၀ယ်ရမှန်းမသိတော့တာပါကွာ''
''အဲ့တော့ ဘာမှမပေးဘူးဆိုတဲ့သဘောလား''
''ဂျောင်ဂုဂီလေး လိုချင်တာကို လိုက်၀ယ်ပေးမှာပေါ့''
''ဟွန်း...မပြောချင်ဘူးနော် လူကိုစိတ်ဆိုးအောင်လာမလုပ်ကြနဲ့''
မကျေမနပ်သံလေးဖြင့် ဆူအောင့်အောင့်ပြောသ ည့်ကောင်လေးအား လူကြီးတွေကပါ 'မနိုင်ဘူး' ဆိုသည့်ပုံဖြင့် ဝိုင်း၀န်းရယ်မောကြကုန်သည်။
''မာမီတို့ကကော ဘာမှမပေးကြဘူးလားဗျာ''
အစ်ကိုတွေကို သူ့စိတ်ကြိုက်ရစ်လို့၀သွားသည့်ကောင်လေး၏မြားဦးက ယခုတော့ မိဘတွေဘက်သို့ တစ်လှည့်ဦးတည်လို့လာပြီမို့ မိဘတွေမှာခပ်ပြုံးပြုံး။
''ပေးမှာပါရှင်''
''ထယ်မင်တို့တောင် ရောက်လာပြီ''
ဒယ်ဒီ့ရဲ့ကြားဖြတ်စကားကြောင့် နီးကပ်လာသော လူနှစ်ယောက်ထံ သူလှမ်းကြည့်မိသည်။ ဂျောင်ဂု တစ်ခါမှမြင်ဖူးဟန်မပေါ်သည့် ထိုလူကြီးသည် ဒယ်ဒီ ပြောပြောနေကျ သူ၏သူငယ်ချင်းဆိုသူပင် ဖြစ်နိုင်သည်။ထို့နောက်တွင်တော့ ထိုလူကြီး၏အနောက်မှ ထိုးထိုးထောင်ထောင်ဖြင့် ကလန့်ကလားထွက်လာသည်က ဟိုလူပျိုကြီး.....။