Unicode
Bangkok မြေနဲ့ တဖြည်းဖြည်း နီးလာလေ သူတို့အားလုံးရဲ့ စိတ်လှုပ်ရှားမှု
ဒီဂရီက ပိုပြီး မြင့်တက်လာလေဖြစ်သည်။မကြာမီ လေယာဉ်က bangkok မြေပေါ်ကို ေခြချလိုက်တော့သူတို့အားလုံး လန်းဆန်းတက်ကြွမှုနဲ့အတူ
ေလယာဥ်ပေါ်က ဆင်းလိုက်ကြချိန်တိုက်ခတ်လာတဲ့ လေအေးအေးတွေက
သူတို့အားလုံးရဲ့ စိတ်ကို လန်းဆန်းစေသည်။"ဝါး ငါတကယ်ပျော်လိုက်တာ ''
ရွှန်းလက်က လက်နှစ်ဖက်ကို ဆန့်ကာ
လေကိုတစ်ဝရှူသွင်းရင်း
ေအာ်လိုက်သည်။ကျန်တဲ့သူတွေလည်း အားလုံးအပြုံးကိုယ်စီနဲ့ ပျော်မြူးနေကြသည်။
ခရီးပန်းလာတာကြောင့် ဟိုတယ်တစ်ခုမှာအခန်းကိုယ်စီယူကာ
အနားယူကြရသည်။ညနေဘက်ရောက်တော့ သူတို့အုပ်စုလိုက် နာမည်ကြီးနေရာတွေကို
လျှောက်သွားကာ ဓာတ်ပုံတွေအများကြီး ရိုက်ကြသည်။ဆင်တူအကျ..လေးတွေလည်း ဝယ်ဖြစ်ကြသည်။
တစ်ယောက် ပါးစပ်ထဲ တစ်ယောက် မုန့်တွေ ထိုးထည့်ကာ တဝါးဝါး တဟားဟားနဲ့ ရယ်မောနေကြသည်။
ရွှန်းလက်ကလည်း သူတို့အုပ်စုလိုက်ပုံ
တွေကို instagram နဲ့ facebook မှာ
တင်သည်။သူတို့အုပ်စု တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် ဓာတ်ပုံရိုက်ပေးနေချိန် ရွှန်းလက်ရဲ့ အနားကို
ကောင်မလေးသုံးယောက်ရောက်လာသည်။သူတို့ထဲက အရပ်ခပ်ရှည်ရှည်
အသားဖြူဖြူနဲ့ ပိန်ပိန်ပါးပါးကောင်မလေးက စကားစသည်။"ဟို ညီမက ရွှန်းလက် မလားဟင်?''
"ဟုတ် ဟုတ်ပါတယ် ညီမကို ဘယ်လိုများ သိတာလဲ''
ရွှန်းလက်က မျက်လုံးလေး ပြူးပြီး
မေးတော့ သူမက သူမရဲ့ ပုလဲလုံးတွေ စီတန်းထားသလို လှပတဲ့ သွားလေးတွေ ပေါ်အောင်ပြုံးလိုက်ပြီး"သိတာပေါ့ အမက ညီမရဲ့ Big fan ပဲဟာကို ညီမ ဆိုတဲ့ cover song တွေလည်း အမြဲ နားထောင်ဖြစ်တယ်
cover dance တွေလည်း အမြဲကြည့်ဖြစ်တယ်''