UnicodeDinner မှာလူတောင် အတော်စုံနေပြီ။
ချမ်းနဲ့ မေစိုးတို့ လွတ်ရာခုံမှာ
ဝင်ထိုင်လိုက်ကြသည်။အားလုံးက ရှေ့မှာချထားတဲ့
စားစရာတွေကို ဘာမှတောင် မတို့မထိဘဲ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေကြသည်။သူလည်း ဟိုကြည့်ဒီကြည့်ဖြင့်
ထိုင်နေတုန်း အရှေ့က လူကြီးနှစ်ဦး
ပြောလိုက်သောစကားကြောင့်
သူ့ခါးအလိုလို မတ်သွားရသည်။ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းလာတဲ့
သူမက ပုရိသတွေသာမက
မိန်းခလေးတွေအချင်းချင်းတောင်
မငေးရမနေနိုင်အောင်
ချောမောလွန်းနေသည်။ဲဲအဲ့လို ငေးကြည့်နေတဲ့ သူတွေထဲမှာ
ချမ်းလည်း တစ်ယောက် အပါအဝင်ပေါ့။ရုတ်တရက် အခုန်မြန်လာတဲ့ သူ့နှလုံးသားကို သူဘယ်လိုမှ မထိန်းချုပ်နိုင်တော့တာ ချမ်းသိနေသည်။
သူမိန်းကလေးတွေ များစွာနဲ့
တွဲဖူးပေမဲ့
မြတ်နိုးရွှေစင်ကတော့သူ့ရဲ့ နှလုံးသားကို လုံးဝ
ကိုင်လှုပ်နိုင်သည့်
တစ်ဦးတည်းသော မိန်းကလေး။ငေးကြည့်နေရင်းမှ မြတ်နိူးရွှေစင်က
သူတို့ဝိုင်းရဲ့ ထိပ်ဆုံးခုံမှာ
ဝင်ထိုင်လိုက်သည်။"အားလုံးပဲ စောင့်နေရတာ
ကြာသွားရင် အနူးအညွတ်တောင်းပန်ပါတယ်''အားးးးး
တကယ်ရူးမတတ်ဘဲ..
အသံလေးကအစ သူ့တစ်ကိုယ်လုံး
ကြက်သီးမွှေးညှင်းတွေထသွားရသည်။"ကျွန်မနာမည်က မြတ်နိုးရွှေစင်ပါ
ကျွန်မက ဒီဟိုတယ်ရဲ့
General Manager တစ်ယောက်ပေါ့
ကျွန်မလူကြီးမင်းတို့နဲ့ ခုလို dinner ပွဲလေးလုပ်ရတာကကျွန်မဟိုတယ်ရဲ့ ဆက်လက်တိုးချဲ့ဖို့
အပိုင်းနဲ့ပတ်သတ်ပြီး လူကြီးမင်းတို့
Company နဲ့ ညှိနှိုင်းစရာတွေကြောင့်ရယ် ပြီးတော့ လူကြီးမင်းတို့ကိုလည်း
ဧည့်ခံကျွေးမွေးချင်တာကြောင့်ရယ်ပါ..''ပြီးတော့ မြတ်နိုးရွှေစင်က
ပြောစရာရှိသည်များကို
တရစပ် ပြောချသွားသည်။