Episode-2

3.2K 172 0
                                    

Unicode

"ဟူး မောလိုက်တာဟာ ''

"ကားနဲ့သွား ကားနဲ့ပြန်တာတောင်ဘယ်
နေရာက ေမာနေတာလဲ?''

"ကားနဲ့ သွားတိုင်း မမောရဘူးလား။
ဒါနဲ့  ဟိုဘူးက ဘာဘူးလဲ''

စားပွဲပေါ်မှာ တင်ထားတဲ့ ပန်းရောင်ဘူးလေးကို ရွှန်းလက်က မေးလိုက်ခြင်း
ဖြစ်သည်။

"ဪ..ဒါလား ဒါက မသက်မှူး ဝင်ပေးသွားတာ နင့်ဖို့တဲ့ ''

"ဟမ် ငါ့ဟာလား မသက်မှူးက ဘာလို့ပေးတာလဲ''

"မသက်မှူး ပေးတာမဟုတ်ဘူး
ရုံးမှာ မေသွန်းချယ် ဆိုတဲ့ ကောင်မလေးက နင့်ကို ပေးခိုင်းလိုက်လို့တဲ့''

"အော်...ကြည့်ရအောင် ဘာများလဲ''

ရွှန်းလက်က ထိုပန်းရောင်ဘူးလေးကို
ဆွဲယူကာ ဖွင့်ကြည့်လိုက်သည်။

"ဝါး လှလိုက်တာ ဒါဟိုတလောကမှ
အသစ်ထွက်တဲ့ ဖိနပ်မလား''

"ပြစမ်း ပြစမ်း ကြည့်ရအောင်''

ရွှန်းလက် လက်ထဲက ဘူးလေးကို
ချမ်းက ယူလိုက်ပြီး ဖိနပ်ကို ကြည့်သည်။

"Nike တံဆိပ်ပဲဟ။မိုက်လိုက်တာ။''

"Bangkok သွားရင် ဒီဖိနပ်လေး
စီးသွားမယ် ဟီးဟီး ''

ရွှန်းလက်က သူလိုချင်တဲ့ ဖိနပ်လေး
လက်ဆောင်ရသွားတော့ အူမြူးလို့နေသည်။

"ဟဲ့ ငါတို့ ဒီည club သွားကြမယ်
ငါတို့လည်း အလုပ်တွေရှုပ်နေတာနဲ့
မရောက်ဖြစ်တာ တော်တော်ကြာပြီ''

"ကောင်းတယ် ကောင်းတယ်
အာ့ဆို ငါရေသွားချိုးလိုက်အုန်းမယ်''

"အင်း''

ဒီလိုကိစ္စမျိုးဆို ရွှန်းလက်တို့က နှစ်ခါမခေါ်ရ။

လက်ဆောင်ရထားတော့ အပျော်လွန်ပြီးရေချိုးခန်းထဲကို ခုန်ပေါက်ကာဝင်သွားသည်။

       <<<<<<>>>>>>

ရွှန်းလက် နဲ့ ချမ်းတို့ နှစ်ယောက်
တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ club
ထဲကို ဝင်လာကြသည်။

ထိုစဥ် သူတို့ကို ဂိတ်ပေါက်က ခပ်ဝဝ
လူကြီး တစ်ယောက်က ရှေ့က ပိတ်ရပ်ပြီး တားလိုက်သည်။

I NEED VITAMIN UWhere stories live. Discover now