Unicode
အိမ်ကိုရောက်တဲ့ထိ ယွန်း သူ့ကိုစကားမပြောတာကြောင့်
သူတကယ်မနေတတ်တော့။
ပြောလည်း အင်း အဲလောက်ပဲ
ပြောတာကြောင့်
ထပ်လည်း မပြောရဲ။တော်ကြာ အလိုက်ကန်းဆိုးမသိ
စကားတွေလိုက်ပြောနေလို့ဆိုပြီး
ပိုစိတ်ဆိုးသွားမှာလည်း စိုးသည်။ဒီတော့ ငြိမ်ငြိမ်လေးနေတာ
အကောင်းဆုံးပဲ။ညနေစာ စားပြီးလို့ သူဝရန်တာမှာ
ထွက်ပြီး ဟိုငေးဒီငေး ငေးနေချိန်အနောက်က ခြေသံကြောင့်
သူလှည့်ကြည့်လိုက်တော့
ယွန်း။ယွန်းက သူ့ကိုမြင်တော့
ပြန်လှည့်သွားဖို့ လုပ်တာကြောင့်
သူအမြန်သွားပြီး ယွန်းရဲ့
လက်ကို လှမ်းဆွဲလိုက်သည်။"ယွန်း..''
ယွန်းက သူ့ကို ပြန်မထူးပေမဲ့
သူ့ကိုတော့ လှည့်ကြည့်သည်။"ယွန်း ညနေက ကိစ္စကို
စိတ်ဆိုးနေတာလား?''ယွန်းက ခေါင်းခါပြသည်။
"ဒါဆို ယွန်းဘာလို့ ကိုယ့်ကိုစကားမပြောတာလဲ
ကိုယ်တစ်ခုခုအမှားလုပ်မိသေးလား''~~ယွန်းမှာ စိတ်ဆိုးခွင့်မရှိပါဘူး
ယွန်းနဲ့ သူက ချစ်သူတွေလည်း
မဟုတ်ဘဲ ဒီကိစ္စမှာ သူက
အကြောင်းမဲ့သက်သက်
သဝန်တိုနေမိတာ..
တကယ့်အရူးလိုမျိုးပဲ
ယွန်းရင်ထဲမှာ ခံစားနေရတာတွေကဘယ်လိုမှ ထုတ်ပြောလို့
မဖြစ်နိုင်ဘူးလေ..
ယွန်းသူ့ကို ချစ်နေပေမဲ့
သူက ယွန်းကို ချစ်နေတဲ့သူ
မဟုတ်တော့..~~"ကိုယ့်ကို တစ်ခုခုပြောပါဦး ယွန်း''
ယွန်း မချိပြုံးလေးပြုံးပြီး
ခေါင်းခါပြလိုက်သည်။"ဒါဆို နှင်းစက်ပွင့်ကြောင့်လား
ကိုယ်နှင်းစက်ပွင့်နဲ့ စကားတွေ
အကြာကြီး ပြောမိလို့လား''သူသိသွားတာလား..
ယွန်းသူ့ကို သဝန်တိုနေတာကို..
မဖြစ်ဘူး သိသွားရင်.."ဟို ယွန်း ယွန်း ရွှန်းလက်ကို
သူနဲ့ သဝန်တိုနေတာမဟုတ်ပါဘူး
ယွန်းကို အထင်မလွဲပါနဲ့ ''