Episode-5

2.4K 147 1
                                    

Unicode

သူဒီနေ့တစ်နေ့လုံး အလုပ်တွေကို
ပြီးချင်ဇောနဲ့ မြန်မြန်ဆန်ဆန် လုပ်နေမိသည်။

ညနေဘက်ကို အမြန်ရောက်ချင်နေပါတယ်ဆိုမှ အချိန်တွေက အရင်နေ့တွေကထက် ပိုနှေးနေသလို။

မြင်ရသမျှက စိတ်တိုင်းကျစရာမရှိ။
သူစိတ်တိုလာရင် မျက်လုံးထ​ဲမြင်သမျှ
တစ်ခုမှ အကောင်းမြင်လို့မရတော့တာ
တစ်ခုကတော့ တော်တော်ဆိုးတဲ့အကျင့်။

ရုံးဆင်းတော့ အမြဲတမ်း စမတ်ကျကျ
အေးအေးဆေးဆေး လမ်းလျှောက်သွားတတ်တဲ့ သူက ဒီနေ့ကျမှ

မပြေးရုံတစ်မယ် ခြေလှမ်းတွေနဲ့
ကမူးရှူးထိုး ထွက်သွားလေသည်။

ရုံးထဲက လူတွေက
သူ့ကိုဘာဖြစ်လို့ အဲ့လောက်အလျင်လိုနေတာလဲလို့ မေးတာကိုတောင်
မ​ဖြေအားပဲ ထွက်သွားတော့သည်။

ဒီနေ့ကျမှ ကားတွေက ပိုပိတ်နေသယောင်။

ရုံးဆင်းချိန်ဆိုတော့ လမ်းမထက်မှာ
ကားတွေက စိတ်မရှည်နိုင်စွာ
ဟွန်းသံတွေဆူညံလို့နေသည်။

ဒီထဲမှာမှ ရွှန်းလက်က အဆိုးဆုံး။
မျက်မှောင်ကြီးကြုတ်ပြီး
စတီယာရင်ကို လက်သီးဆုပ်နဲ့
ထုရိုက်နေမိသည်။

တော်တော်ကြာကြာ စောင့်ပြီး
ကားတွေချောင်သွားတော့မှ
သူကားကို တရကြမ်းမောင်းလာလိုက်သည်။

ကားကို Dancing world ရှေ့မှာ
အရှိန်ပြင်းပြင်း ဆောင့်ရပ်လိုက်ပြီး
အထဲကိုဝင်သွားလိုက်သည်။

အထဲကိုသာ ဝင်သွားပေမဲ့
မျက်လုံးတွေက လမ်းပေါ်မှာမရှိ။

တစ်စုံတစ်ယောက်ကို စိတ်စောစွာ
လိုက်ရှာနေမိသည်။

အဲ့အချိန်မှာပဲ အခန်းထဲက ထွက်လာတဲ့ ယွန်း။

ယွန်းရဲ့မျက်နှာလေးကို မြင်လိုက်ရတာဟာ သူ့အတွက်တော့
100 plus အားဖြည့်အချိုရည်တောင်
ေသာက်စရာမလိုတော့အောင်
အားတွေပြန်ပြည့်သွားသည်။

ယွန်းက သူ့ကိုမြင်တော့
ပြုံးနေကျပုံစံလေးအတိုင်း
ပြုံးပြပြီး သူ့အနားကို လျှောက်လာသည်။

I NEED VITAMIN UWhere stories live. Discover now