Episode-23

1.8K 134 2
                                    

Unicode

မနက်ခင်းရဲ့ နေရောင်ခြည်က
သူတို့နှစ်ဦးပေါ်ကို ဖြာကျလို့လာသည်။

နေရောင်စူးစူးကြောင့် ရွှန်းလက်
မျက်လုံးတွေကို မဖွင့်ချင်ဖွင့်ချင်နဲ့
နိုးလာတော့ ဘေးနားမှာ
ယွန်းက အိပ်ပျော်ဆဲ။

အိပ်ပါစေဆိုပြီး မနှိုးချင်တာနဲ့
ရေချိုးခန်းထဲကို ဝင်လာလိုက်ကာ
မျက်နှာသစ် သွားတိုက်
တစ်ခါတည်းရေပါချိုးလိုက်သည်။

ယွန်းဆီမှာက သူလာရင်
အဆင်သင့်ဖြစ်အောင်ဆိုပြီး
သွားတိုက်တံတစ်ချောင်းအပို
ဆောင်ထားတော့ အဆင်ပြေသည်။

ရေချိုးလို့ပြီးတော့ အိပ်ပျော်နေတဲ့ယွန်းကို နှုိးရသည်။

သူလည်း အလုပ်သွားရမှာပဲဆိုတော့
နောက်ကျနေမှာစိုးသည်။

"ယွန်း... ယွန်း.
ထတော့လေ ရှစ်နာရီတောင်ထိုးနေပြီ။''

"ဟင်....အင်း...ထပြီ ထပြီ''

မျက်လုံးကိုမဖွင့်ဘဲ အိပ်ချင်မူးတူး
ပြောနေသော ယွန်းကိုကြည့်ရင်း
သူပြုံးလိုက်သည်။

ဒီလူသားလေးက သူ့ကိုအမြဲတမ်းပြုံးနေအောင်လုပ်ပေးနိုင်တယ်..

"ကဲ...ထတော့..''

ပြောရင်းဆိုရင်း ယွန်းကိုပွေ့ချီကာ
ရေချိုးခန်းထဲပို့ပေးလိုက်သည်။

အိပ်ချင်စိတ်မပြေသေးတဲ့ယွန်းက
ရှုပ်ပွနေတဲ့ ဆံပင်တွေကြားထဲကနေ
သူ့ကိုမျက်မှောင်ကြုတ်ကြည့်ကာ

"သူများအိပ်ချင်သေးတာကို
တော်တော်အကျင့်ပုတ်တယ်''

"အိပ်ချင်တယ်လုပ်မနေနဲ့
အဲ့တာနဲ့ပဲ ရှစ်နာရီခွဲတော့မယ်
အလုပ်နောက်ကျနေလိမ့်မယ်..''

"ဟာ..မသိဘူး မသိဘူး
တကယ်စိတ်ဆိုးတယ်''

ဂျစ်ကန်ကန်ပြောပြီး
ထိုင်ချလိုက်တဲ့ကောင်မလေးကို
ကြည့်ကာ..သူ့မှာ အသည်းယားနေရသည်။

"​ရေချိုးတော့လေ

နောက်ကျနေလိမ့်မယ်...''

"မချိုးဘူး''

ယွန်းပုံစံကိုကြည့်ကာ ရယ်ချင်နေပေမဲ့
ရယ်လိုက်ရင် ပိုပြီးစိတ်ဆိုးသွားမှာ
စိုးတာကြောင့် မရယ်ရဲ။

I NEED VITAMIN UWhere stories live. Discover now