Unicode
"မသက်မှူး လာ ဒီဘက်မှာ လာထိုင်လေ''
ယွန်းရဲ့ အိမ်မှာ ဒီနေ့ အိမ်တက် အလှူ လုပ်နေခြင်းဖြစ်သည်။
အိမ်လို့သာပြောတာပါ တကယ်တမ်းက condo တိုက်ခန်းတစ်ခုပါ။
ဒီနေ့ အလှူကိုလာရင်း သိလိုက်ရတာက ယွန်းရဲ့အဖေက အရမ်းကိုချမ်းသာတဲ့ Seint Group ရဲ့ သူငှေး တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။
ရွှန်းလက်က အမြဲတမ်း ဂျင်းဘောင်းဘီပဲ ဝတ်တတ်တာကြောင့်
ထဘီနဲ့ဆိုတော့ နေရတာ တစ်မျိုးကြီး
ဖြစ်နေသည်။ယွန်းရဲ့ရှေ့မှာမို့ အနေရခက်နေတာလည်း ပါမည်။
ဧည့်သည်တွေလည်း မနည်းများတယ်လို့ ပြောရမည်။
ဝိုင်းတွေအားလုံးနီးပါးက
ပြည့်လို့နေသည်။ယွန်းရဲ့အခန်းလေးက ချစ်စရာကောင်းပြီး နေချင်စရာလေး။
စိတ်လွတ်လပ်မှုကို အပြည့်အဝပေးနိုင်တယ်လို့ ထင်သည်။
ဝရန်တာက လှမ်းကြည့်ရင်ရွှေတိဂုံဘုရားကို တန်းနေအောင် မြင်ရသည်။
လူတွေကြားထဲမှာ ထိုင်စရာနေရာ
ရှာနေတုန်း ယွန်းက ရောက်လာပြီး
သူ့လက်ကို လှမ်းဆွဲကာ"ရွှန်းလက် လာ ဒီဘက်ကို''
ရွှန်းလက် တစ်ကိုယ်လုံး ဓာတ်လိုက်သွားသလားလို့တောင် ထင်မိသည်။
ရင်တွေက တားမရဆီးမရ ခုန်လာပြန်သည်။
ဘာမပြောညာမပြော လက်ကို လာဆွဲတဲ့ ခလေးမကိုပဲ ထုပစ်ချင်သည်။
ခလေးမဆိုတာ စိတ်ထဲကပဲ ခေါ်ရဲတာပါ အပြင်မှာမခေါ်ရဲ ကိုယ့်ထက်ကြီးတဲ့သူကို။
"ရွှန်းလက် ဘာဖြစ်နေတာလဲ တစ်ကိုယ်လုံးလည်း ချွေးတွေပျံပြီး
အိမ်သာတက်ချင်နေတာလား''အောင်မလေး မေးတတ်လိုက်တာ
ယွန်းရယ် နေမကောင်းဘူးလားလို့
မေးရင် ဘာဖြစ်သွားမှာစိုးလို့လဲ။လူကြားထဲမှာ မေးရက်လေခြင်း။
ဟင်း....ငါနော်စိတ်ကိုအတတ်နိုင်ဆုံးလျှော့ပြီး
"မဟုတ်ပါဘူး လူတွေများလို့
နည်းနည်း ချွေးပျံနေတာ ဟီး''