Unicode
"ဒီမှာကြည့်ပါဦး ဒီကလေးလေးလဲ
ချစ်စရာလေး''ယွန်းက ဖုန်းscreen ပေါ်က
ဖြူဖြူတုတ်တုတ်ကလေးလေးကို
လက်ညိုးထိုးရင်း အသည်းတယားယားဖြစ်နေသည်။ယွန်းပြတဲ့ ကလေးပုံတွေကို သူထိုင်ကြည့်နေတာ နာရီဝက်နီးပါးရှိနေတာကြောင့် သူပျင်းလာပြီ။
"ဝှါး....''
အိပ်ချင်စိတ်ကြောင့် သန်းလိုက်မိတော့
ယွန်းက သူ့ကိုမျက်စောင်းကြီးထိုးပြီး
ကြည့်သည်။"ဟီး...အိပ်ချင်လာလို့ပါ''
"ယွန်းက ကလေးလေးတွေ ချစ်ဖို့ကောင်းလို့ပြနေတာကို''
"ဟုတ်ပါတယ် ယွန်းရဲ့ ချစ်စရာကလေးလေးတွေကို ထိုင်ကြည့်နေရတာ နာရီဝက်လောက်ရှိပြီ''
သူက စိတ်တိုသလို ရေရွတ်လိုက်တော့
ွွယွန်းက ဘာမှပြန်မပြောဘဲ တစ်ခုခုကို စဥ်းစားနေပြန်သည်။"အချစ်...''
သေချာပြီ။ ဒီလိုခေါ်ရင်တော့
ယွန်းသူ့ကို တစ်ခုခုပူဆာတော့မယ်ဆိုတာ..."အင်း...ပြော''
"ဟိုလေ...ယွန်းတို့ ကလေးလေးတစ်ယောက်လောက် မွေးစားကြမလား?''
ယွန်းစကားကြောင့် သူနှာခေါင်းရှု့ံကာ
ကမန်းကတမ်းတားသည်။"ဟာ...ယွန်းကလဲ ဘာလုပ်မှာလဲ
မမွေးချင်ပါဘူး''"နှစ်ယောက်တည်းနေရတာ ပျင်းစရာကောင်းတယ်လေ.. ကလေးလေးတစ်ယောက်ရှိလာတော့ ပိုပြည့်စုံတာပေါ့''
"ဪ...ကို်ယ်တို့နှစ်ယောက်တည်း
ပျင်းစရာကောင်းတယ်ဆိုတော့ ကိုယ်က မင်းအတွက် ပျင်းစရာလူကြီးဖြစ်နေပြီပေါ့''သူ့ရဲ့ ခပ်ရွဲ့ရွဲ့ အမေးစကားကြောင့်
ယွန်းက ပျာပျာသလဲ ရှင်းပြသည်။"အဲ့လိုမဟုတ်ဘူးလေ..
ယွန်းပြောချင်တာက ကလေးလေးတစ်ယောက်ရှိရင် ပိုပြီးတော့ ပျော်စရာကောင်းတယ်လို့ ပြောချင်တာ''"ကိုယ်အမှန်တိုင်းပဲ ပြောရမယ်ဆိုရင်လေ ကိုယ်က ကလေးမချစ်တတ်ဘူး
နောက်ပြီး ကလေးတစ်ယောက်ကို
မွေးတယ်ဆိုတာ ယွန်းထင်သလို
လွယ်လွယ်လေး မဟုတ်ဘူးလေ..
အဲ့ကလေးရောက်လာရင် ကိုယ်တို့နှစ်ယောက်က အတူတူနေရမယ့်အချိန်တွေလည်းနည်းလာလိမ့်မယ်
ပြီးတော့ ကလေးကြီးလာရင်
သူ့ရဲ့ကျောင်းကိစ္စတွေ၊ ကျန်တဲ့ကိစ္စတွေ ပြောရရင် အများကြီးပဲကွာ..
အရေးကြီးဆုံးအချက်က ယွန်း
ကိုယ့်အပေါ်ထားတဲ့အချစ်တွေ ဂရုစိုက်မှုတွေကို တခြားတစ်ယောက်ကို
ထပ်ပြီး ခွဲမပေးချင်ဘူး..ကိုယ်မနာလိုဘူး။ တကယ်လို့ ယွန်းက အရမ်းလိုချင်နေတယ်ဆိုရင်လည်း ကိုယ်က
မတားပါဘူး။ ယွန်းသဘောပါပဲ''