Unicode
ချောင်းသာက ပြန်လာပြီးနောက်ပိုင်း
ချမ်းဟာ ညအိပ်ရာမဝင်ခင်တိုင်း
ရွှေစင်နဲ့ ဖုန်းပြောတတ်တဲ့
အလုပ်တစ်ခုပေါ်လာတယ်။ညဘက်ရောက်ပြီဆို
ကိုယ့်အခန်းထဲမှာကိုယ်
ဖုန်းတွေနဲ့ အလုပ်ရှုပ်နေကြသည်။ယွန်းကလည်း တစ်ခါတစ်လေ
ညဘက်တွေ လာလာအိပ်တတ်သည်။ဒီနေ့ သူနဲ့ယွန်းအတူတူ
လျှောက်လည်ဖို့ စီစဥ်ထားသည်။ချမ်းကတော့ အလုပ်တွေမအားသေးလို့ဆိုပြီး အိမ်မှာ ကျန်ခဲ့သည်။
ပထမဆုံး သူတို့ရုပ်ရှင်သွားကြည့်ကြသည်။
ရုပ်ရှင်ပြီးတော့
နေ့တောင် အတော်မြင့်နေပြီ
ဖြစ်တာကြောင့်နေ့လည်စာ တစ်ခါတည်းစားလိုက်ကြသည်။
ထမင်းစားပြီးတော့ အစာကြေအောင်
People parkမှာ လမ်းလျှောက်ဖြစ်ကြသည်။တစ်နေကုန်လျှောက်လည်ရင်း
ညနေလေးနာရီလောက်မှ
ယွန်းရဲ့ အိမ်ကိုလိုက်ပို့ရသည်။ယွန်းက ကွန်ဒိုတစ်ခုဝယ်ပြီး
သပ်သပ်နေတာကြောင့်
အိမ်မှာ ဘယ်သူမှမရှိ။သူလည်း တစ်နေကုန်ပင်ပန်းလာတာကြောင့် ယွန်းရဲ့ အခန်းက
ဆိုဖာပေါ်မှာ ခဏလှဲအိပ်ရင်းတချိုးတည်း အိပ်ပျော်သွားတော့သည်။
<<<<<<<<<<>>>>>>>"အင်း......''
တောင့်တင်းနေတဲ့ အကြောတွေကို
ဆန့်ထုတ်ရင်း
မျက်လုံးကို ဖွင့်ကြည့်မိတော့မီးရောင် ခပ်မှိန်မှိန်လေး။
"ဟင်...''
ယွန်းရဲ့ အခန်းမှာရောက်နေတာပဲဆိုတဲ့
အသိက ချက်ချင်း မျက်လုံးတွေ
ကျယ်သွားစေသည်။ငေါက်ခနဲထ ထိုင်ကာ
ဟိုဟိုဒီဒီဝေ့ကြည့်လိုက်တော့
ခုမှရေချိုးပြီး ထွက်လာပုံရတဲ့
ယွန်းက ဆံပင်တွေကို
ရေသုတ်ရင်း...."ယွန်း..ကိုယ့်ကို ဘာလို့မနှိုးတာလဲ?''
"ဒီလောက်ပင်ပန်းနေတာကို
ဘယ်လိုလုပ်နှိုးရက်မှာလဲ..''