Episode-9

2K 138 0
                                    

Unicode

ဆောင်းရာသီရဲ့ နေရောင်ခြည် နွေးနွေးက မျက်နှာပြင်ပေါ်ကို ကျရောက်လာသောကြောင့်
သူအိပ်ရာက နိုးလာခဲ့သည်။

မနေ့ညက ကောင်းကောင်းအိပ်ပျော်တာကြောင့် မနက်နိုးလာတော့
လူက လန်းဆန်းလို့နေသည်။

"အင်း.......''

သံရှည်ဆွဲပြီး အပျင်းကြောဆန့်လိုက်ပြီးမှ

ယွန်းကိုသတိရသွားတာကြောင့်
အမြန်ကုတင်ပေါ်ကထ လိုက်ချိန်

"အ''

​ခြေထောက်က ဆစ်ခနဲနာကျင်မှုကြောင့် ကုတင်ပေါ်ကို ဖင်ထိုင်လျက်
ပြန်ပြုတ်ကျသွားသည်။

အော်...သူမနေ့က ခြေထောက်ကို ထိမိထားတာပဲ။
မေ့နေတာ....

ကုတင်ဘေးမှာ ထောင်ထားတဲ့
ချိုင်းထောက်ကို အားပြုပြီး
ရေချိုးခန်းထဲကို ဝင်ကာ

သွားတိုက် မျက်နှာသစ်ရသည်။

ထမင်းစားခန်းထဲကို
ဝင်လာတော့ ယွန်းက မီးဖိုချောင်မှာ
အလုပ်ရှုပ်နေသည်။

"အော်...ရွှန်းလက် နိုးပြီလား
ထိုင်ဦး ပေါင်မုန့်ကြက်ဥကြော်နေတာ
ခဏလေးစောင့်နော်''

"ရပါတယ် ယွန်းရယ်
အေးဆေးသာလုပ်''

အားနာလိုက်တာလို့ ပြောချင်ပေမဲ့
ယွန်းကမပြောရဘူးဆိုတော့
မပြောရဲ။

သူခုမှသေချာစဥ်းစားမိတယ်။
သူတို့နှစ်ယောက်က မသိရင်
လင်မယားကျနေတာပဲ။

လင်ဖြစ်သူက အိပ်ရာက နိုးလာတော့
မိန်းမက ယောကျာ်းအတွက်
ပေါင်မုန့်ကြက်ဥကြော်ပေးနေတဲ့
ပုံနဲ့။

ကိုယ့်အတွေးနဲ့ကိုယ် ရှာကြံပြီး
ကြည်နူးနေပြန်သည်။

"ရော့ ရပြီ''

ယွန်းက စားပွဲပေါ်မှာ ပေါင်မုန့်ကြက်ဥကြော်နှစ်ပွဲလာချပေးသည်။

သူခုမှ ကြည့်မိတယ်။
ယွန်းက Apron လေးဝတ်ထားတာပဲ။
ဟား...တကယ်အိမ်ရှင်မလေးပုံစံနဲ့။

ဒါပေမဲ့ ကိုယ်တစ်ယောက်တည်းရဲ့
အိမ်ရှင်မလေးပဲ ဖြစ်ပေးပါ
ယွန်းရယ်...

I NEED VITAMIN UWhere stories live. Discover now