အပိုင်း(၄)

876 52 3
                                    

"ရော့ မမ"

ကောင်လေးက နောက်တစ်လှမ်းဆုတ်ကာ သူ့ရင်ခွင်နားနီးကပ်စွာ တောင့်တောင့်ကြီးရပ်မိနေသော ရိုးရာထံ
ခရေပန်းလေးတွေကို ညင်သာစွာပေးလိုက်သည်။

"အော်...ကျေးဇူးဘဲနော် မောင်လေး အမက မမှီဘူးဖြစ်နေတာ ဟီးး ဟီး "
ရိုးရာ ရှက်ယမ်းယမ်းပြီး ပါးစပ်ထဲတွေ့ရာ ပြောလိုက်ပြီးမှ
ပြန်ထိန်းကာ

"မောင်လေးတောင် ဆိုင်မလာတာကြာပေါ့"

"ဟုတ်တယ်ဗျ ကျွန်တော်ကစာမေးပွဲပြီးတော့ ဖေဖေ့နောက် ခဏလိုက်သွားတာ မနေ့ကမှ ပြန်ရောက်တာ "

ဒါ သူဆီမှ ပထမဆုံး စီကာပတ်ကုံးပြောတာကို ကြားဖူးခြင်းဖြစ်သည်။ဆိုင်လာတိုင်း အပိုစကားမဆိုဘဲ လိုချင်တာသာ တစ်ခွန်းတည်းပြော၀ယ်သွားမြဲ။

"မမဆီမေးစရာရှိလို့ ။မမ ကိုးတန်းဆယ်တန်းဘော်ဒါ ဘယ်မှာနေတာလဲ။"

"မမက မန်းလေးမှာ နေခဲ့တာ။ညီလေးကို အဆောင်ထားမလို့လား"

"မဟုတ်ဘူးဗျ။ကျွန်တော် နေမလို့ ။ညီလေးက ခုမှ လေးတန်းဘဲရှိသေးတာဗျ "

"ဟင် ဟုတ်လား ။အမက မင်းကို တက္ကသိုလ်တက်နေပြီ ထင်နေတာ။ရှစ်တန်းကို အရပ်ကြီးကမိုးထိုးနေတာဘဲနော်။‌ေကာင်းလိုက်တာ"
ရိုးရာက ဈေးသည်သဘာ၀ ရေလိုက်ငါးလိုက်စကားပြောတတ်သည်။ခုလည်း ဒီကောင်လေးသဘောကျအောင်ပြောပေမယ့် သူကတော့ ထုံးစံအတိုင်းမပြုံးမရယ်နှင့် သူ့ကိုသာ တည်တည်ကြီးကြည့်နေလေသည်။

"အော် ကိုးတန်းဆိုရင် အမဆီမှာ စာအုပ်တွေရှိတယ်။ဘယ်ဆီမှာနေနေ ကြိုလေ့လာထားချင်ရင် လာယူလှည့်နော် ။မသိတာရှိလည်း လာမေးလှည့်ရတယ်"

"ဟုတ် မမ"

"ပန်းတွေတောင် အများကြီးရနေပြီဘဲ ။အမ သွားတော့မယ်နော်။ သိချင်တာရှိရင် အချိန်မရွေးလာမေးနော်"
"မမမျိုးရေ သွားရအောင်"

သူတို့နှစ်ယောက်စကားပြောတာကို တအံ့တဩကြည့်နေတဲ့ မျိုးမျိုးက ရိုးရာခေါ်သံကြားမှ အိုးနင်းခွက်နင်း ရိုးရာနောက်လိုက်လာခဲ့သည်။

"ရိုးရာ သူက ဒီလိုကျ‌ေတာ့လည်းစကားပြောတတ်သားနော်"

"အော် မမရယ် မပြောတတ်ဘဲ နေမလား ။ပြောစရာမရှိသေးလို့ သိပ်မပြောသေးတာပါ့ ၊မြန်မြန်လာ ကြာလို့ ပြောခံနေရဦးမယ်"ဟုဆိုကာ နှစ်ယောက်သမား ခပ်သွက်သွက် လျောက်လာခဲ့သည်။

ရိုးရာမာန်Where stories live. Discover now