အပိုင်း(၁၂)

749 46 1
                                    


ရိုးရာက ဘုရားပန်းနှစ်စီး၀ယ်ပြီး
မာန်ကို တစ်စီးပေးလိုက်သည်။မာန်က လက်တစ်ဖက်က ဘုရားပန်းကိုင်ထားပြီး လက်တစ်ဖက်က ရိုးရာရဲ့လက်လေးကို မြဲမြံစွာကိုင်ထားသည်။ဘုရားပန်းကပ်လှူကြပြီး ဘုရားရှစ်ခိုးတော့ မာန်က ရိုးရာနှင့်တူတူပင်ထိုင်ကာရှစ်ခိုးသည်။

မိုးကသည်းနေဆဲဖြစ်သောကြောင့် ဈေးဆိုင်တန်းများဆီ မလည်နိုင်ဘဲ မိုးလုံသောနေရာ၌သာ ထိုင်နေကြသည်။

"မ ဘာဆုတောင်းခဲ့လဲဟင်"
မာန်က ရိုးရာကို ဆွေးဆွေးလေးကြည့်ပြီးမေးသည်။

"မ က..... သူများတွေလို ဘ၀အဆက်ဆက်ပေါင်းဖက်ရပါစေလို့လည်း မဆုတောင်းခဲ့ဘူး။ သေတစ်ပန်သက်တစ်ဆုံး ပေါင်းဖက်ရပါစေလို့လည်း မဆုတောင်းခဲ့ဘူး....မ ဆုတောင်းခဲ့တာက မတို့နှစ်ယောက် အတူတူရှိနေတဲ့အချိန်တိုင်း ပျော်ရွှင်ခြင်းတွေနဲ့ပြီးပြည့်စုံတဲ့အချိန်လေးဖြစ်ရပါ၏လို့ဘဲ ဆုတောင်းခဲ့တယ် မာန်။ဘ၀အဆက်ဆက် ပေါင်းဖက်ပြီး မပျော်ရွှင်ကြရင် ဘယ်လိုလုပ်မလဲ မာန်ရယ်။သေတစ်ပန်သက်တစ်ဆုံးပေါင်းဖက်ပြီး တစ်ယောက်အပေါ်တစ်ယောက် မေတ္တာတွေလျော့ပါးလာရင်ရော....ဘယ်မှာ ပျော်ရွှင်နိုင်ပါ့တော့မလဲ မာန်ရဲ့"

မာန် ရိုးရာကို တွေတွေလေးစိုက်ကြည့်နေသည်။

"မာန်ကရော ဘာဆုတောင်းခဲ့တာလဲ"
"ဟင်လို့"
သူ့ကိုဘဲကြည့်နေပြီး မေးတာကို ပြန်မဖြေသောကြောင့် ရိုးရာ မာန်ရဲ့လက်မောင်းလေးကို တို့ကာမေးလိုက်သည်။

"မပြောချင်ဘူး"

"ဟာ....မာန် အဲ့လိုလုပ်လို့ ဘယ်ရမလဲ။ မ တော့ ပြောပြရပြီး"
"မာန် ပြောလို့....ပြောလို့"

"ကျွန်တော်က......မ ကို အမြဲတမ်း စိတ်ချမ်းသာအောင် ထားတဲ့သူတစ်ယောက် ဖြစ်ရပါစေ လို့ ဆုတောင်းခဲ့တာ "
ရိုးရာ ပါးလေးရဲတက်သွားပြီး ခေါင်းလေးငုံ့သွားသည်။

"မိုးစဲပြီ မ သွားရအောင်လေ။"

"အင်း"

မာန်က ရိုးရာလက်ကလေးကို ဆုတ်ကိုင်ပြီး ထွက်လာခဲ့ကြသည်။

"သတိထားနော်....ချော်လဲမယ်။ကျွန်တော်လက်ကို မဖြုတ်နဲ့"

ရိုးရာ နှစ်ခြိုက်စွာပြုံးလိုက် မာန်ခေါ်ရာနောက် လိုက်ပါလာခဲ့သည်။

ရိုးရာမာန်Wo Geschichten leben. Entdecke jetzt