အပိုင်း(၇)

811 50 0
                                    

ကားထဲမှ မီးပူထိုးထားတဲ့ခေါက်ရိုးမရာမ‌ေပျာက်သေးသော ရှပ်အကျီအဖြူလက်ရှည်၊နက်ပြာရောင် ပုဆိုးနှင့်အရပ်ရှည်ရှည်ကောင်ကလေး။ခေတ်ဆန်ဆန် ဆံပင်တိုလေးက နက်မှောင်ပြီး သပ်ရပ်စွာဖြီးသင်ထားသည်။ မင်းမြတ်ကားပေါ်က ဆင်းတော့ တချို့က လှမ်းကြည့်နေကြသည်။

"ဟဲ့ ဟဲ့ ငါ ဒီနှစ် နင့်မောင်လေးလို မနူးမနပ်တွေဘဲ လာမယ်ထင်နေတာ ။အဲ့လို အမိုက်စားလေးတွေလည်းပါသားဘဲ" ပိုးမြချယ်က ထမင်းစားရင်း တိုးတိုးလေး ပြောလိုက်သည်။

"ဟဲ့ ကမရဲ့ အဲ့တာ နင်တို့ပြောတဲ့ မနူးမနပ်ဆိုတာဘဲ"
ရိုးရာက သူ့သူငယ်ချင်းများကို အရှိန်သပ်နိုင်အောင် ထိန်းရင်း

သူတို့ဆီ တန်းတန်းမတ်မတ်လျောက်လာသော မင်းမြတ်ကို လှမ်းနှုတ်ဆက်လိုက်သည်။

"ထိုင် ‌မောင်လေး"

မင်းမြတ်၀င်ထိုင်တော့ ပိုးမြတို့နှစ်ယောက် အံ့ဩကာ ခဏမျှဆွံ့အသွားသည်။

"ဒါ မမသူငယ်ချင်းတွေ ပိုးမြချယ်နဲ့စုစုစံတဲ့"

"ဟုတ်ကဲ့ "
တချက်မှပြုံးမပြဘဲ အေးစက်စက်အကြည့်နှင့်သာ မိတ်ဖွဲ့ခံလိုက်ရသောကြောင့် ပိုးမြတို့နှစ်ယောက်မှာ အံ့ဩ၍မဆုံးနိုင်တော့။

"ကျောင်းက ဘယ်တော့သွားအပ်မှာလဲ"

"ကျွန်တော်အပ်ခဲ့ပြီ ။မမပင်ပမ်းမှာမို့ မခေါ်တော့တာ"

"မပင်ပမ်းပါဘူး။မမတို့က ကျောင်းဖွင့်ခါစ တပတ်လောက်ကတော့ အေးဆေးဘဲ ။"

"ဒါဆို ကျွန်တော် လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ချင်လို့ မမလိုက်ခဲ့ပေးနိုင်မလား"

"ရတယ်လေ ။လိုက်ပေးမယ်။မောင်လေးက ဘယ်အဆောင်မှာနေတာလဲ။"

"အဆောင်မှာ မနေဘူး။ဖေဖေ့ဟော်တယ်မှာဘဲ နေတာ"

"ဟုတ်လား။အဆင်ပြေတာပေါ့ "
"မောင်လေး ဘယ်ချိန်သွားချင်လဲ"

"မမအားတဲ့အချိန်သွားမယ်"

"ဒါဆို မမစားပြီးရင် သွားမယ်လေ။"

"ဟုတ်။မမ ကျွန်တော်နဲ့ဘဲ လိုက်ခဲ့ပါ။အပြန်တစ်ယောက်တည်းဆိုရင် စိတ်မချဘူး"

ရိုးရာမာန်Donde viven las historias. Descúbrelo ahora