အပိုင်း(၂)

1.1K 56 0
                                    

ကောင်လေးက ထီးကို အသာပိတ်ကာ သူ့ညီလေးကို ခဏ ကိုင်ခိုင်းထားပြီး ယောကျာ်း‌ကိုင်သား‌ရေပိုက်ဆံအိတ်ရှည်လေးကို ဖွင့်ကာ နှစ်ရာတန်လေးထုပ်ပြီး

"ဆားတထုပ်လောက်ဗျ" ။

ဒီအသက်အရွယ် ကလေးတွေမှာ အမြဲပြုံးရယ်ပြီး တက်ကြွနေကြပေမယ့် သူကတော့......

အပြုံးအရယ်မရှိ။လူကို ရှိန်နေဟန်၊ကြောက်နေဟန်လည်း မတွေ့ရ။လူကို မကြောက်ပေမယ့် ခပ်တည်တည်မျက်နှာထားက ရိုင်းစိုင်းတဲ့အသွင်ကိုလည်း မဆောင်။ ဘာခံစားချက်မှ သူ့မျက်နှာပေါ်တွင် ဖတ်မရ။ထို ခပ်တည်တည်မျက်နှာထားလေးဆီက ဘာရယ်လို့ အမျိုးအမည်သတ်မှတ်မရတဲ့ တစ်စုံတစ်ခုကိုတော့ ရိုးရာခံစားမိသည်။
အဲ့ဒါဘာပါလိမ့်...... ကိုယ့်ကိုယ်ကို ယုံကြည်မှု။

"အမ"

ရိုးရာအတွေးထဲ မျောနေစဉ် ကောင်လေးက ပြောလိုက်သောကြောင့် ခဏကြောင်အမ်းအမ်းဖြစ်သွားပြီးမှ

"အော် အေးအေး"

ရိုးရာ ဆားထုပ်ကို ပေးလိုက်တော့
ထိုအပြုံးအရယ်မရှိတဲ့ မျက်နှာထားလေးနဲ့ပင် ယူကာ
ထီး‌ကြီးကို ဖွင့်လျက် သူ့ညီလေးလက်ဆွဲကာ ထွက်သွားလေသည်။

မေမေကလည်း ကြာလိုက်တာ....

ပြောနေရင်းပင် မေမေ့ကားလေးမှာ အိမ်ရှေ့ ရောက်လာလေသည်။ မမငယ်နှင့် မမမျိုးတို့မှာ မေမေပါလာသော ပစ္စည်းများကို ချရင်း စာရင်းစစ်ဖို့ တစ်ခါတည်းပြင်ဆင်နေကြသည်။

"မေမေ မုန့်ရော"

"ပါ ပါတယ်တော် ရော့ တော်ကြိုက်တဲ့ မုန့်ပေါင်းနဲ့အကြော် စားပြီးရင် စာသွားကျက် "

"မေမေကလည်း မစားရသေး လည်မြိုတစ်အောင် လုပ်နေတာ " ရိုးရာ ဆူပုတ်ပုတ်ပြန်ပြောလိုက်သည်။
စာမကြိုးစားလို့ အပြောခံရရင် တော်သေးသည်။ ဒီလောက် စာကြိုးစားသည့်ကြားကပင် မေမေက အားမရဖြစ်နေသည်။ခက်သည်....မေမေ့အလို ရိုးရာလိုက်နေရသည်။

တစ်မနက်လုံးစာကျက်ထား၍ ရိုးရာ ရေချိုး နေ့လည်စားစားပြီးတော့ ဆိုင်စောင့်ရင်း ခဏ နားလေသည်။
ထိုစဉ် အရိုးရှည်ထီးအနက်ရောင်ကြီးနဲ့ကောင်လေး....
မနေ့က ကောင်လေး....
ဒီတစ်ခါတော့ သနပ်ခါးပဲကြားနဲ့သူ့ညီလေး မပါတော့။

ရိုးရာမာန်Donde viven las historias. Descúbrelo ahora