အပိုင်း (၃)

905 53 0
                                    

ရိုးရာ အဆောင်သို့ပြန်ရလေပြီ။
သင်္ကြန်လည်း မလည်လိုက်ရ။
တနှစ်ပတ်လုံး စာနှင့်သာ နပမ်းလုံးနေရသည်။

ဆယ်တန်း.... ခက်ခဲလှသော အတန်း...ဘ၀ရဲ့တစ်စိတ်တပိုင်းကို အဆုံးအဖြတ်ပေးမည်ဟုဆိုသောအတန်း....
ရိုးရာ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။
မေမေက တရပ်ကွက်လုံးဖိတ်၍ ဂုဏ်ပြုပွဲလုပ်ပေးခဲ့သည်။တစ်ရပ်ကွက်လုံးကလည်း ချီးကျူးဂုဏ်ပြုပေးကြသည်။ထိုတလောက ရပ်ကွက်ထဲတွင် ရိုးရာမွန်တို့ ဟိုးလေးတကြော်ကြော်နှင့် မျက်နှာပမ်းလှ‌နေတော့သည်။

ဆယ်တန်းပြီးတော့ တက္ကသိုလ်မတက်ခင် မန္တလေးမှာဘဲနေ၍ သင်တန်းများတက်သည်။ အိမ်သို့ပြန်ချိန်ပင် မရှိလိုက်။ ကိုကိုကလည်း အိမ်မပြန်ဘဲ ရိုးရာနှင့်အတူ တိုက်ခန်းငှားကာ အဖော်နေပေးသည်။ ဆေးလိုင်းကိုမှီသော်လည်း သွေးကြောက်တတ်သောကြောင့် ပြင်ဦးလွင်မြို့ရှိ ရတနာပုံဆိုက်ဘာစီးတီးကိုဘဲ လျောက်ခဲ့သည်။

တက္ကသိုလ်မဖွင့်မှီ ခဏသာ အိမ်ပြန်လာ၍ တက္ကသိုလ် ပထမနှစ်ကို မောင်မယ်သစ်လွင်အဖြစ် တက်ရောက်ရလေသည်။တက္ကသိုလ်ဘ၀တွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ရင်ခုန်စရာအကောင်းဆုံးဟု ပြောကြသော်လည်း၊ရိုးရာအတွက်မူ မထူးခြားလှပေ။သူငယ်ချင်းကိုယ်စီရည်းစားများရသွားကြသော်လည်း ရိုးရာတို့အဖွဲ့မှ သူများကတော့ ကိုယ့်အချင်းချင်းနှင့်သာ ပျော်မွေ့နေပုံရသည်။တစ်ယောက်မှ ရည်းစားမထားကြသေး။

ပထမနှစ်ပြီးတော့ ကျောင်းနှစ်လပိတ်လေသည်။ ဒီတစ်ခါတော့ ဘယ်သင်တန်းမှ မတက်တော့။ အိမ်ကိုလွမ်းနေလှပြီ။နှစ်လပြည့်ပြည့်၀၀ အိမ်မှာဘဲနေမယ်ဟု အားခဲကာ အိမ်ပြန်ခဲ့လေသည်။

အိမ်အပြန်ခရီးက တက်ကြွစရာကောင်းလှသည်။ဆီးကြိုတိုက်ခတ်နေသော လေအေးလေးက ပြင်ဦးလွင်မြို့ထက်ပင် သန့်ရှင်းလက်ဆတ်နေသယောင်။တမာပင်တို့စီတန်းနေတဲ့ လမ်းမကြီးကလည်း ခါတိုင်းထက် အေးမြနေသယောင်။ကိုယ့်မြို့ရဲ့နယ်နိမိတ်ထဲကို ၀င်လိုက်ပြီဆိုတာနဲ့ လုံခြုံသွားသလို ၊နွေးထွေးသွားသလို ခံစားမိသည်။ဒါတောင် အမိရင်ခွင်မဟုတ်သေး။

ရိုးရာမာန်Onde histórias criam vida. Descubra agora